ချိုစိမ့် - " အဖြေမရသေးတဲ့ ည"



ချိုစိမ့် - " အဖြေမရသေးတဲ့ ည"
(မိုးမခ) ဇွန် ၄၊ ၂၀၁၆


ကျောရိုး ရှည်သလောက်
အမှောင်က ပိုနက်
ဆွဲခေါ် ချသွားတဲ့
လှပ အိပ်မက်တွေကလည်း
မနည်းလှတော့....

 ဖိတ်တဝက် စင်တဝက်
အရုဏ်တက်များ
ကမ္ဘာကြီး အလှနဲ့ ခြားထားသလို ...
 ပြိုမှာလေလား မိုးရဲ့,
စိုးထိတ်ရမယ့် အစား
ဘဝများစွာ အတွက်
စတေးခဲ့ကြရ ...

 ဇွန်လရဲ့ မိုးရေစက်များအလား
ဇွန်လရဲ့ မျက်ရည်စက်များနဲ့ သီဖွဲ့
အလှည့်ကျ မနွဲ့ကြစတမ်းပေါ့....။

ရဲဘော်ကြီး ကိုမင်းနိုင် သို့
ချိုစိမ့် (ဇွန် ၃၊ ၂၀၁၆)