မောင်​မှိုင်းလွင်​(အင်းဝ) - ဘန်​​ကောက်

photo - aung htet

 မောင်​မှိုင်းလွင်​(အင်းဝ)  -  ဘန်​​ကောက်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆


တဘတ်​ကို
တမတ်​ပဲ တန်​တုန်းက
မ​ရောက်​ခဲ့ရတဲ့နိုင်​ငံ
ဗိုလ်​မင်း​တွေလုပ်​ကြံဇာတ်​​ကြောင့်
ခု​တော့
တဘတ်​ က ၃၄ ကျပ်​ခွဲ။


အံ့ဘွယ်​ချီးကျူးစရာ
လျှပ်​စစ်​မီးမပျက်
ကောင်းကင်​ရထား​မြေ​အောက်​ရထားနဲ့
လှုပ်​ရှား​ကြော်​ငြာဆိုင်းဘုတ်​များနဲ့
ကားလမ်းက သုံး​လေးထပ်​​ပေါ်
မိုး​မျှော်​တိုက်​​တွေက ​ခေါင်း​ပေါင်းကျွတ်​မျှ
ဗုဒ္ဓ​နေ့ဆို ဘယ်​ဆိုင်​မှ အရက်​မ​ရောင်း
ခေတ်​​ကောင်း တိုးတက်​​နေပါ့
မအိပ်​ကြတဲ့မြို့။

မြို့​တော်​အလည်​မှာ​တောင်
ဆိုင်​ကယ်​စီးခွင့်​ရတဲ့မြို့။

အ​မေ​ပေးတဲ့ လယ်​တကွက်
အထွန်​ယက်​ခံ ​ကျေဇူးဆပ်​တာ
ပိုမြတ်​တယ်​ယူဆကြသတဲ့
ဒါနဲ့ပဲ
အနှိပ်​ခန်း​တွေ​ပေါ
ဖာ​တွေ​ပေါ
ရေချိုးခန်း​တွေ​ပေါ။

ကျ​နော့်သ​ဘောက​တော့
ခေတ်​​နောက်​ကျတယ်​​ပြော​ပြော
ငှက်​​ပျော​တောထွင်
မကြီးပွားချင်​ ​နေပါ​စေ
အပျိုရည်​ကို ထိန်းသိမ်းထားကြ
ဆဝပ်​ဒီ ခရပ်
ယား အိုင်​ဆီး။ ။ 

မောင်​မှိုင်းလွင်​(အင်းဝ)
၂ ၆ . ၂ . ၂ ၀ ၁ ၆