ထွန်းဝေမြင့် - ငါ့ငါ သူ့ငါ

Aung Htet


ထွန်းဝေမြင့်  - ငါ့ငါ သူ့ငါ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆
လောကကြီးက
နင်​ဘာလဲ၊ ငါဘာလဲ သံသရာလည်​ကာ
မာ​ရေ​ကြော​ရေဖြစ်​​နေတတ်​ပြန်​တယ်​။


မ​ကောင်း​ပြောကြည့်​တာပါ။
ငွေမရွှင်​​ငွေမထွက်​တဲ့
ကဗျာကဗျက်​​လောကထဲမှာ​တောင်
ငါဘာလဲ၊ နင်​ဘာလဲ ကိုလိုနီ​တွေ
တနေ့တခြားအထွက်​တိုး
ဖွံ့ဖြိုးပြန့်​ပွား​နေလိုက်​ပုံများ...


ဒီ​တော့...​လောကဝတ်​အရ
ငါဘာလဲ နဲ့ နင်​ဘာလဲ​တွေ
တွေ့ကြ​လေ​သောအခါ
တွေ့ရတာ ဝမ်းသာပါတယ်
လက်​ဆွဲနှုတ်​ဆက်​ကြ။
တကယ်​ ဝမ်းသာကြပါ​စေ....။

ထွန်း​ဝေမြင့်