ဇာနီကြီး ● တရုတ်မကြောက်တဲ့ အစိုးရကို ၀န်းရံပါ

ဇာနီကြီး ● တရုတ်မကြောက်တဲ့ အစိုးရကို ၀န်းရံပါ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

တရုတ်ပြည်နဲ့ အကျိုးတူလုပ်ကိုင်ဖို့ လက်ပတောင်းတောင်ကြေးနီစီမံကိန်းပြီးတော့ အခု နာမည်ကြီးနေတဲ့ မြစ်ဆုံဆည် ရေကာတာနဲ့ လျှပ်စစ်စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦဆောင်ညှနှိုင်းတော့မယ်လို့ အင်အယ်ဒီပါတီက ပြောရေးဆိုခွင့်ရှိသူ ဦဝင်းထိန်ပြောလိုက်ပြီ ဖြစ်ပါတယ်။

သဗွိုက်စ် သတင်းစာရဲ့ တရုတ်အင်ပါယာချဲ့မှု ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ထောက်ခံရေးသား အကြံပြု မှု မတွေ့ပါဘူး။ အာစီယံကို မြန်မာအစိုးရသစ်က ဘယ်လိုလက်တွဲမလဲဆိုတာ အကြံပြုချက်ပါရင် ပိုကောင်းမှာပါ။

● တရုတ်စီးပွားအင်ပါယာ
တရုတ်နိုင်ငံ ခေါင်းဆောင်ကြီးတိန်ရှောင်ဖိန့် ဦးဆောင်ပြုပြင်ပြောင်းလဲခဲ့တဲ့ တရုတ်ပြည် စီးပွားရေးချဲ့ထွင်မှုကို တကမ္ဘာလုံး အရေးတယူကြည့်နေရချိန်မှာ ခြစားလွန်းတဲ့ နိုင်ငံအစိုးရများတွေ ပိုပြီး အလူးအလဲခံရပါတယ်။ အနောက်အာဖရိကနိုင်ငံများ သယံဇာတ ရေနံ၊ ဓာတ်ငွေ့၊ ရွှေ၊ ငွေ၊ ကြေး၊ ယူရေနီယံလို ဓါတ်သတ္တုများလည်း ပညာသားပါတဲ့ စာချုပ်များနဲ့ တရုတ် မဟာစီပွားအင်ပါယာအောက်ကို ရောက်သွားပါတယ်။

ပါကစ္စတန်မှာလည်း ရေနက်ဆိပ်ကမ်းနဲ့ အနောက်ဖက်ကို ချဲ့ထွင်ပြီးသွားပါပြီ။ အရှေ့ဖက်မှာတော့ ဂျပန်၊ တိုင်ဝမ်၊ တောင် ကိုးရီယားတွေနဲ့ အကျိုးတူလုပ်နိုင်ပေမဲ့ အရှေ့တောင်အာရှနိုင်ငံများကတော့ အလူးအလဲခံရပါတယ်။ မြန်မာစစ်အာဏာရှင် ဦးသန်းရွှေ အာဏာနောက်ကွယ်ဝင်သွားတာလည်း တရုတ်ကို သူတို့အစိုးရ မယှဉ်နိုင်ဘူးသိသွာလို့ တနည်းအားဖြင့် တရုတ် ကြောက်သူတွေ ဖြစ်နေလို့ပါ။

● စစ်အာဏာရှင်ဟောင်းနဲ့ သူတို့ခရိုနီများ
သူတို့ကတော့ တရုတ်နဲ့ဆက်လုပ်နေတုန်း ဒါပေမဲ့ တပ်မတော်ကတော့ တရုတ်အစား ရုရှား၊ ယူကရိန်းဖက် ပါသွားပါပြီ။

စာနယ်ဇင်းတွေက တရုတ်နဲ့ စီပွားအကျိုးတူ မလုပ်စေချင်ပေမဲ့ အနောက်နိုင်ငံများ ဂျပန်၊ ဂျာမဏီ ကုမ္ပဏီတွေလည်း သူတို့ စက်ရုံနည်းပညာတွေ အလွန်ဈေးကြီးစွာ ညာရောင်းကြမှာပါပဲ။

ပေါ်လစီချမှတ်နိုင်ခြင်းက အလွန်အရေးကြီးပါတယ်။ ရိုးသားဖြောင့်မတ်အစိုးရဖြစ်ရုံနဲ့ နိုင်ငံခြားစီပွားရင်းနှီးသူတွေကို ယှဉ်လို့ မရပါဘူး။ ပညာရှင်အစစ်အမှန်ဖြစ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ အတွေ့အကြုံရှိတဲ့ မြန်မာပညာရှင်များစွာ စင်ကာပူ အမေရိကန်တွေမှာ ရောက်နေတာ ပြန်လာပါခေါ်လို့ မဖြစ်နိုင်ပါ။ သူတို့ကို မကြာခဏဖိတ်ခေါ် အကြံတောင်း၊ ပေးတဲ့အကြံနဲ့ ဆွေးနွေးမှုတွေ အလေးထားရပါမယ်။ ဒေါက်တာအောင်ထွန်းသက်လို အလွန်အတွေ့ကြုံကြီးမားတဲ့ ပညာရှင်ကလည်း အ သက်ကြီးလှပါပြီ။ ပြောရုံမက တကယ်လုပ်ပြဖို့ ငယ်ရွယ်သူပညာရှင်များစွာ အရေးတကြီး လိုအပ်နေပါတယ်။

စင်ကာပူ အီးဒီဘီလို စီးပွားရေးအာဏာပိုင် အဖွဲ့စည်းမျိုး အရှိန်ဟုန်ပြင်းစွာ လှုပ်ရှားရပါတော့မယ်။

● တရုတ်နိုင်ငံနဲ့ စစ်ရေးရာ
တရုတ်နိုင်ငံ အရှေ့တောင်အာရှမှာ စစ်ရေးချဲ့ပြီး မိုင်၂၀၀ စီပွားဇုံကြေညာခြင်းကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ကန့်ကွက် ပါတယ်။ နိုင်ငံတကာခုံရုံးက တရုတ်ကို အရှုံးဆုံးဖြတ်ပေမဲ့ တရုတ်ကတော့ ကျွန်းစုတွေ ဒါတရုတ်ပြည်ပိုင်ပဲလို့ ပြောင်တင်းတင်း ပြောဆိုလာပါတယ်။ အာစီယံ တရုတ် တွေ့ဆုံရာမှာ ပြောခြင်းပါ။

တရုတ်စီးပွားရေးသာ ကြီမားလှပေမဲ့ စစ်ရေးမှာတော့ ဂျပန်ကိုတောင် မမှီပါဘူး။ အခုမှ တရုတ်က ယူကရိန်းလေယာဉ်တင် သင်္ဘောတစင်း အဟောင်းဝယ်ပြီး အသစ်လုပ်ထားလို့ လေယာဉ်တင်သင်္ဘောတစီးပဲ ပိုင်ပါတယ်။ ဂျပန်ကတော့ လွန်ခဲ့တဲ့ နှစ် ၇၀ ကတည်းက လေယာဉ်တင်သင်္ဘော အမြောက်အများပိုင်ဆိုင်ခဲ့ဖူးပါတယ်။ လက်ရှိ အမေရိကန်ရဲ့ထိပ်တန်း လေယာဉ် သင်္ဘောများ နည်းပညာများကလည်း တရုတ်မယှဉ်သာပါ။

စစ်ရေးအားနည်းတဲ့ တရုတ်နိုင်ငံက ဓနဥစ္စာနဲ့ အင်ပါယာချဲ့ရမှာဖြစ်ပေမဲ့ ကုန်ထုတ်နည်းပညာမှာ ဂျပန်ကိုတောင် မယှဉ်နိုင်သေးပါ။ ဒါပေမဲ့ မြန်မာနဲ့ အရှေ့တောင်အာရှတခုလုံးဟာ တရုတ်စီးပွားချဲ့မှုကို အလွန်စိုးရိမ်လို့ အာစီယံစီပွားနဲ့ စစ်ရေးပူး ပေါင်းဖို့ ကြိုးစားနေကြပါတယ်။

● နိဂုံး
တရုတ်ကို မြန်မာ တန်းတူယှဉ်ဖို့ အလွန်ခက်ပေမဲ့ အံ့သြဘွယ် စွန့်လွှတ်လုပ်ဆောင်ပြခဲ့တဲ့ ကမ္ဘာကျော် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အာဏာပေးအပ်ဖို့ စစ်တပ်ကပါ ခွင့်ပြုလိုက်ရပါပြီ။ မြန်မာပြည်မှာ မြန်မာပညာရှင်များစွာ ပြန်ရောက်လာပြီး ဗိုလ်ကျ တရုတ်ကုမ္ပဏီများကို တန်းတူ အကျိုးတူ စီးပွားလုပ်ကိုင်နိုင်ပါတော့မယ်။

မြန်မာတဦးချင်း လိုအပ်ချက်က ပေါ်လစီသစ်ကြောင့် မိမိအကျိုးဆုံးရှုံးသွားတောင်မှ နိုင်ငံလူမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အပြတ်ထောက်ခံထားကြဖို့ပါပဲ။

၂၆ ဇူလိုင် ၂၀၁၆