ပန်းချီဆရာ ဦးမောင်မောင်သိန်း(ပုသိမ်)၏ တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပ



ပန်းချီဆရာ ဦးမောင်မောင်သိန်း(ပုသိမ်) တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပ
(ဌေးအောင်၊ မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆

ရန်ကုန်မြို့ ၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်းတွင် သြဂုတ် ၂ မှ ၆ အထိ ပန်းချီကားပေါင်း (၁၀၀) ခန့် ဖြင့် ခင်းကျင်းပြခဲ့သည်။ ဧည့်ပရိသတ်များက နံနက် (၉) နာရီမှ ညနေ (၅) နာရီ အတွင်းလာရောက်ကြည့်ရှူခဲ့ကြပြီး၊ သြဂုတ် ၆ နေ့ခင်းပိုင်းတွင် ဆရာဦးမောင်မောင်သိန်းက ပန်းချီဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။