ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တိုးနှောင်မိုး - မမြင်ရတဲ့တိတ်ဆိတ်ခြင်း



တိုးနှောင်မိုး  - မမြင်ရတဲ့တိတ်ဆိတ်ခြင်း

(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆

ကိုယ့်ပါဝါနဲ့ ကိုယ်တော့
ဟုတ်နေတာပဲ
သူများမျက်မှန် ကောက်တပ်မှ
အကန်းမှန်း သိရတယ်
လူ့ ဘဝဆိုတာ ဒီလိုကြီးလား။
အလှည့်ကျ
လူသားဆန်ဆန် ရက်စက်ဖို့ 
အလှည့်ကျ
လူသားဆန်ဆန် ဖိနှိတ်ခံရဖို့ 
သက်ရှိဟာ
သက်မဲ့ဟာ
ငွေနဲ့ပဲ အရာရာကို
သွေးသွင်းခံ ခဲ့ရပါတယ်။ ။