ဇော်အောင် (မုံရွာ) ● လျှပ်စစ်ချွေတာသုံးစွဲခြင်း


ဇော်အောင် (မုံရွာ) ● လျှပ်စစ်ချွေတာသုံးစွဲခြင်း
(လျှပ်စစ်စားခြင်းကာကွယ်ရေး)
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆

မြန်မာနိုင်ငံမှာ တယူနစ် ၃၅ ကျပ်နှုန်း အစိုးရကရောင်းချတဲ့အတွက် ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနိုင်ငံ ဖြစ်နေတာ အံ့သြဖွယ်ပါ။ ဒါပေမဲ့ မဟာဓာတ်အားလိုင်း မရောက်တဲ့နေရာများမှာ လျှပ်စစ်ကို အလွန်ဈေးကြီးစွာသုံးရပါတယ်။ နေရောင်ခြည်သုံးစနစ် ကလည်း မကျွမ်းကျင်သူအဖို့ ဘက်ထရီအိုး နှစ်စဉ် လဲလှယ်နေရတာနဲ့ ငွေပိုကုန်ရပြန်တယ်။ အင်အယ်ဒီအစိုးရ ရက် ၁၀၀ လျှပ်စစ်စီမံကိန်းများ ပြီးစီးမှုနဲ့ မူဝါဒဆိုင်ရာတင်ပြထားချက်များကတော့

● ထုတ်လုပ်ဖြန့်ဖြူးခြင်း
မဂ္ဂါဝပ် ၂၇၀၀ ကျော် သုံးစွဲနေပြီး မဂ္ဂါဝပ် ၂၈၀၀ ထုတ်လုပ်နိုင်ကြောင်း၊ ရန်ကုန် လျှပ်စစ်ဗို့အားကျမှု ကာကွယ်ဖို့ထရန်စဖွန်မာ ရက်၁၀၀ စီမံကိန်းအောင်မြင်ကြောင်း။ ဓာတ်အားလိုင်းကြိုးများ (အဟောင်း၊ အသစ်) များကြောင့် ဖြန့်ဖြူးမှု စွမ်းအင်ဆုံးရှုံး တာရှိကြောင်း၊ လျှပ်စစ်ထုတ်လုပ်ရာမှာ ရေအား၊ သဘာဝဓာတ်ငွေ့အားကိုသာအသုံးပြုနေရကြောင်း၊ အခြေအနေ ကြောင့် ကျောက်မီးသွေးလျှပ်စစ်ထုတ်လုပ်တာ ရပ်ထားရကြောင်း။ မြန်မာနိုင်ငံမှာ ရေသယံဇတ လုံလောက်စွာရှိလို့ စီမံကိန်းများရှိ ကြောင်း။ သယံဇာတကနေ လျှပ်စစ်ထုတ်ခြင်းမှာ အကျိုးရှိသလို ပတ်ဝန်းကျင်ပျက်စီးမှုတွေဖြစ်လေ့ရှိကြောင်း၊ ပြည်သူများ ကန့်ကွက်မှုများကြောင့်နှောင့်နှေးရကြောင်း၊ ကမ္ဘာ့ဘဏ်နဲ့ပေါင်းပြီး LNG ဓာတ်ငွေ့ကို ယာယီတင်သွင်း လျှပ်စစ်ထုတ်လုပ်ရန် ဖြစ်ပါတယ်။

ဈေးကြီးကြီးနဲ့ဝယ်သုံးနေရတဲ့ တနင်္သာရီတိုင်းအတွက် ဓာတ်အားလိုင်းတည်ဆောက်ပေးနေကြောင်း၊ ရှမ်းပြည်အရှေ့ပိုင်း လည်း ဓာတ်အားလိုင်းဆွဲနေပါတယ်။ ကမ္ဘာ့ဘဏ်ချေးငွေတွေနဲ့ ၅၀၀ ကေဗွီအေလိုင်းတွေ ဆွဲနေကြပါတယ်။

● စွမ်းအင်ချွေတာရေး လောင်စာဆီချွေတာရေး
ဒီအကြောင်းကို အစိုးရကြေညာချက်ထဲ ထည့်ရေးထားပါတယ်။ လျှပ်စစ်ဓာတ်အားခ မြှင့်တင်မှုကြောင့် ရန်ကုန်လူထု ဆူပူ မှုဖြစ်ခဲ့တဲ့ရာဇဝင်ကြောင့် လျှပ်စစ်ဌာနက လူနေအိမ်တွေကို တယူနစ် ၃၅ ကျပ် (US $ 0.03 per unit) ပိုသုံးရင် တယူနစ် ၇၀ ကျပ်နဲ့ ထရန်စဖွန်မာဖိုးတွေ ကောက်ခံပါတယ်။ ကမ္ဘာ့ဈေးနှုန်းနဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ် စတဲ့ အိမ်နီးချင်း နိုင်ငံတွေကတော့ တယူနစ်ကို US $ 0.10 လောက်ရှိပေမဲ့ စရိတ်ကြီးတဲ့ Japan (20-24), Australia (30), Singapore (21), ခရိုနီကြီးစိုးတဲ့ ဖိလစ်ပိုင် (40) စသဖြင့် ဈေးနှုန်းရှိပါတယ်။ မြန်မာနိုင်ငံကတော့ (3-80) ဖြစ်နေတော့ အစိုးရနဲ့ ပုဂ္ဂလိ ကကွာဟမှု အလွန်များလှပါတယ်။ ၂၀ ၀ပ် မီးလုံးတပွင့် ည ၆-၉ နာရီ တလ ၅ ထောင်ကျပ် စသဖြင့် ပုဂ္ဂလိက (သို့မ ဟုတ်) ကိုယ်ထူကိုယ်ထ မီးစက်တွေနဲ့ လည်ပတ်နေပါတယ်။ မီးစက်တလုံးကလည်း သိန်းရာကျော်ရှိပြီး ဆီစားနှုန်းကလည်း မြင့်၊ ဓာတ်အားဆုံးရှုံးမှု၊ ဌာနဆိုင်ရာ များရဲ့ခွင့်ပြုစရိတ်တွေ ပေါင်းလိုက်တော့ အလွန်ဈေးကြီးသွားခြင်းပါ။  (အညွှန်းဇယားကို ကြည့်ပါ)။

● အမှိုက်ပြဿနာနဲ့ ကားကြပ်တဲ့ပြဿနာ
စာရေးသူ ၂၀၁၄ တုန်းက ရန်ကုန်ရောက်ချိန် အမှိုက်ပုံးလုံလောက်မှုမရှိ၊ လူတွေစည်းကမ်းမရှိတော့ စည်ပင်ဝန်ထမ်း ၅ ထောင်အင်အားနဲ့ ညအချိန် အမှိုက်ပြောင်အောင် ရှင်းထားတယ်။ နောက်နေ့ ၁၀ နာရီဆို ရှုပ်ပွလာတယ်။ ဒေါ်အောင် ဆန်း စုကြည်က အမှိုက်ကော်မတီမှာပါဝင်ပြီးနောက်ပိုင်း စည်ပင်က ဒီလူအင်အား ၅ ထောင်။ ဒါပေမဲ့ အမှိုက်ပုန်းများစွာနဲ့ အမှိုက် ကျုံးစနစ်ကြောင့် ၂၀၁၅ မှာ အမှိုက်တွေ ရှင်းလင်းလာပါတယ်။ အပြစ်ပြောစရာတော့ ရှိနေမှာဖြစ်ပေမဲ့ ဒီရလဒ်ကြီးက လူ တွေ စည်းကမ်းရှိလာလို့ပါ။ အမှိုက်ပစ်၊ ကွမ်းတံထွေး ထွေး စည်းကမ်းရှိလာခြင်းကြောင့် ဆိုတာ ထင်ရှားပါတယ်။

နောက်တခုက ကားကြပ်တဲ့ ပြဿနာ၊ ၂၀၀၄ တုန်းက အလွန်ကြပ်ပြီး ရန်ကုန်မြို့ထဲ မကတော့ဘူး၊ လှည်းတန်း၊ အင်းစိန်၊ တာမွေ၊ မြောက်ဥက္ကလာ စတဲ့နေရာတွေမှာလဲ အလွန်ကားကြပ်သွားပါတယ်။ ၂၀၁၅ မှာ ကားကြပ်ခြင်း လျော့နည်းလာပါ တယ်။ အဓိကတော့ ကားမောင်းသူများ စည်းကမ်းရှိလာလို့ပါ။ ကားသုံးစီးမောင်းရတဲ့ကားလမ်းမှာ ကားတစီးရပ်လိုက်ရင် အရမ်းကြပ်သွားပါပီ၊ လူတွေကို စည်းကမ်းရှိလာအောင် ယာဉ်ထိန်းရဲများစွာ ခန့်အပ်ခြင်း၊ မရပ်ရနေရာ ရပ်တဲ့ကား၊ ပိတ်ရပ် ထားတဲ့ကားမှာ ဖုန်းနံပါတ်ရေးမထားရင် ယာဉ်ထိန်းရဲနဲ့ကားကရိန်းဆွဲယူ ဒဏ်ပေးခြင်း၊ စည်းကမ်းမဲ့မောင်းသူများကို ပြည်သူအချင်းချင်း ကားနံပါတ်ဓာတ်ပုံရိုက် ဆိုရှယ်မီဒီယာမှာ တင်ပြ၊ က.ည.န ကလည်း အရေးယူခြင်း၊ ကုန်း(ဂုံး)ကျော်တံတားများဆောက်ခြင်း၊ ယခုအခါ ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်း... စတဲ့ လိုက်နာနိုင်တဲ့စည်းကမ်းထုတ် အရေးယူခြင်းများကြောင့် ကားကြပ်ခြင်းက အနည်းငယ်တော့ အသက်ရှု ချောင်လာပါတယ်။ ဘတ်စကားကြီးများ တက္ကစီ များစွာ ရှိနေခြင်းကိုလည်း ထိန်းချုပ်လာပါပြီ။ လောလောဆယ် ရန်ကုန်တိုင်းအစိုးရကတော့ ကားကြပ်ခြင်းနဲ့ အထပ်မြင့် ပြ ဿနာ (၂) ခု ခေါင်းပူအောင် ဖြေရှင်းနေရှာပါတယ်။

● လျှပ်စစ်ပြဿနာ (အင်ဒိုနီးရှား)
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ရှေးဟောင်း Surakarta မြို့တော်ဝန်လေးဘဝကပါ။ အင်ဒိုနီးရှားလျှပ်စစ်ဌာနက ဓာတ်အားခ မပေးရင် မြို့တော်ဝန်ရုံးကိုတောင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပါတယ်။ အစိုးရအာဏာနဲ့ စီးပွားရေးပေါ်လစီ အာဏာ၂ခု ပြိုင်နေချိန် ခရစ်စမတ်ပွဲ လူတွေပျော်ရွှင်စွာဆင်နွှဲနေတုန်း လျှပ်စစ်မီးဖြတ်တောက်ခြင်း ခံလိုက်ပါတယ်။  လျှပ်စစ်ဓါတ်အား အကြွေး ဒေါ်လာတသန်းလောက် မြို့တော်ဝန်နဲ့ လျှပ်စစ်ဌာန ကြွေးတောင်းကော်မတီတို့ အပြင်းထန်ဆွေးနွေးကြပါတယ်။ နောက်ဆုံး မြို့တော်ဝန်ဘက်တော်သားများက စုဆောင်းရတဲ့ အကြွေများအပါအဝင် လျှပ်စစ်ဓာတ်အားခ အကြွေးငွေ ထုတ်ကြီး မြို့တော်ဝန်ဂျိုကိုဝီ ကိုယ်တိုင်သွားပေးလိုက်ရပါတယ်။ အတင်းကြပ်အကြွေးတောင်းခြင်း အစိုးရနဲ့ဌာနဆိုင်ရာ အာဏာပိုင်များ လျှပ်စစ်ပြဿနာတခုပါ။ မြန်မာပြည်မှာ အလားတူ မကြာခင်ဖြစ်လာတော့မှာပါ။

ခြစားနေတဲ့ အစိုးရဌာနဝန်ထမ်းတွေကို လျှပ်စစ်ချွေတာဖို့၊ အခွန်ကောက်ငွေတွေလည်း အမှန်ကန်ရဖို့ကြိုးစားရင်း ဂျိုကိုဝီ နာမည်ကျော်လာပါတယ်။ နောက်တော့ ဂျာကာတာမြို့တော်ဝန် ၂ နှစ် ရွေးကောက်ခံရပြီး ၂၀၁၄ မှာ ပထမဆုံးသော စစ် သွေးမနှောတဲ့ အရပ်သားစစ်စစ် သမ္မတအဖြစ် ရွေးခံလိုက်ရပါတယ်။

သမ္မတဖြစ်တာနဲ့ခြစားမှုကို ညင်သာစွာကိုင်တွယ်နည်းကတော့ အစည်းအဝေးတွေမှာ အစိုးရနဲ့ ဌာနဆိုင်ရာများက နိုင်ငံခြား ကလေယာဉ်နဲ့ မှာစားခြင်းကို ရပ်တန့်စေလိုက်တာပါ။ နေစရာ၊ ဝတ်စရာ မရှိလည်း လနဲ့ချီပြီး သည်းခံနိုင်ပေမဲ့ စားဖို့မရှိရင် တော့ ၁ ရက်တောင် သည်းမခံနိုင်ပါဘူး။ မြန်မာနိုင်ငံကတော့ အစိုးရနဲ့ဌာနဆိုင်ရာများမှာ နိုင်ငံအကြီးအကဲကိုယ်တိုင် ရိုးရှင်း စွာ စားသောက်ခြင်းနဲ့ စတင်နေပါတယ်။

● လျှပ်စစ် အစားများနေခြင်း
လူများ အသိစိတ်ရှိစွာနဲ့ ချွေတာရေးက လက်ရှိလျှပ်စစ်မလုံလောက်မှုကို မလိုလားပဲ ကုန်ကျစရိတ် များစေပါတယ်။ အစိုးရ ကလည်း လျှပ်စစ်မီးအတွက် စရိတ်သက်သာအောင် လမ်းမီးလုံးမီးချောင်းများကို အယ်အီးဒီ LED Lamps နဲ့ အစားထိုးဖို့ လိုအပ်သလို၊ မလိုလားအပ်ဘဲ လေအေးစက်၊ လျှပ်စစ်မီးဖိုတို့ကို မသုံးအောင် စီမံကိန်းချပြီး လုပ်ရပါမယ်။

ခြစားမှုနဲ့ပတ်သက်တဲ့ လျှပ်စစ်အစားများခြင်းကတော့ အထူးထွေ မရေးတော့ပါဘူး။ နိုင်ငံတော်အဆင့် ချေးငွေဒေါ်လာ သန်းပေါင်းများစွာ ပရိုဂျက်ကြီးတွေမှာ လျှပ်စစ်အစားမများဖို့ဆိုတာ ပညာရှင်ပေါ်လစီနဲ့ နည်းဥပဒေ လိုပါတယ်။ နောက်တခု က အောက်ခြေအဆင့်ပါ။ မြို့နယ်တိုင်းမှာ လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း ဝန်ထမ်းများက တော်တော် စားကြပါတယ်။ မီတာဆင်ပေးခြင်း၊ လျှပ်စစ်မီးပြင်ခြင်းတွေမှာ သူတို့ပဲ စားကြပါတယ်။ စည်ပင်၊ အီးအိုင်၊ အင်ဂျင်နီယာသင်း စတဲ့အဖွဲ့စည်းတွေ က အပြိုင်စားဖို့ ဝင်လာနေပါတယ်။ ဒါကတော့ ခြစားခြင်းပြဿနာပါ။ နောက်တခုကတော့ ဌာနဆိုင်ရာ ရဲ၊ စစ်၊ စက်ရုံ၊ ဝန်ကြီးဌာနများက အခမဲ့နီးပါး လျှပ်စစ်သုံးစွဲနေခြင်းပါ။

အခု အဓိကရေးလိုတာကတော့ လျှပ်စစ်ဓာတ်လေလွင့်ခြင်း Electricity Waste ဖြစ်ပါတယ်။ ယခင်က ၃၀ ရာခိုင်နှုန်းအထိ ဆိုးဝါးခဲ့ပါတယ်။ နိုင်ငံတကာမှာ ၁၀ ရာခိုင်နှုန်းအောက်ပဲ ဆုံးရှုံးတာ မြန်မာနိုင်ငံက ကြိုးစား ပြုပြင်နေပါတယ်။

လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း ရက် (၁၀၀) မှတ်တမ်းမှာ စွမ်းအင်ချွေတာရေး လောင်စာဆီ ချွေတာရေးကို အထူးတင်ပြပါ တယ်။ မဟာဓာတ်အားလိုင်းကြီးများ၊ လိုင်းကြိုးသေးများ၊ ထရန်စဖွန်မာများ၊ လူများ၊ လျှပ်စစ်အရမ်းမစားအောင် စည်းကမ်း လိုက်နာဖို့ လိုပါတယ်။ ချွေတာရေးအနေနဲ့ လျှပ်စစ်မီးကိုမလိုအပ်ဘဲ ဖွင့်မထားရန်ကတော့ လူတိုင်းသိပါတယ်။ စက်ရုံများ ရုံးဌာနများနဲ့ လမ်းမီးများစွာ ရှိပါတယ်။ ဥပမာ နေပြည်တော်က တရုတ်ပြည်ဖြစ် မီးအားစားတဲ့ လမ်းမီးလုံးတွေ မီတာခတလကို သိန်းရာနဲ့ချီပေးရတာကြောင့် ဓာတ်တိုင်၂ ခုမှာ မီးတလုံးထွန်းဖို့၊ ရေရှည်ဈေးကြီးပေမဲ့ ဓာတ်အားနှုန်းသက်သာတဲ့ LED မီးလုံးများသုံးဖို့လုပ်နေကြပါတယ်။

● ရေတိုနဲ့ ရေရှည်
သာမန်မီးချောင်း ၄၀ ဝပ် တခု ၅၀၀၀ ကျပ်နဲ့ ၆၀၀၀ ခုအတွက် သိန်း၃၀ လောက် ကုန်ပါမယ်။ အဲဒီနေရာ ၁၅ ဝပ် အယ်အီးဒီ LED Lamp တခု ၁၅၀၀၀ ကျပ်နဲ့ ဆင်ပေးရင် သိန်း ၉၀ ကုန်ပါမယ်။ ဝပ်အားငယ်ပေမဲ့ LED က ပိုတောင်မှ လင်းသေးတယ်။ လျှပ်စစ်ဓာတ်အားခကတော့ ၃ နှစ်ကြာရင် အရင်းကြေပါတယ်။

ဒါပေမဲ့ လျှပ်စစ်ဓာတ်အားခ တယူနစ် ၃၅ ကျပ်၊ စက်ရုံဆို ၇၀ ကျပ်ဆိုတော့ မီးထွန်းချွေတာရေးလည်း စိတ်မဝင်စားသလို၊ အဲကွန်း လျှပ်စစ်မီးဖို၊ သုံးစွဲခြင်းများကိုကြပ်မတ်ဖို့ ချွေတာဖို့ စည်းကမ်းတခု လိုအပ်နေပါတယ်။

အဲကွန်းသုံးသူများ ဟိုတယ်၊ ပုဂ္ဂလိကစက်ရုံကြီးများကတော့ ကိုယ်ပိုင်ဂျင်နရေတာစရိတ်နဲ့ယှဉ်ရင် တယူနစ် ၇၀ ကျပ်က ဘာမှမဖြစ်လောက်တဲ့ အခကြေးငွေပါ။ အစိုးရသစ်တက်ကာစမှာ ပူပြင်းတဲ့ အယ်နီညိုပြဿနာကြောင့် ရန်ကုန်မှာ အဲကွန်း နင်းကန်သုံးလို့ လျှပ်စစ်မီးပြတ်တောက်ခြင်းများစွာ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရေရှည်အနေနဲ့ လျှပ်စစ်အသုံးများတဲ့အိမ်များ အသုံးများတဲ့စက်ရုံများကို နိုင်ငံတကာဈေးနဲ့ ရောင်းချဖို့ လိုပါတယ်။
မြန်မာ့လျှစ်စစ်ဓာတ်အား အီးပီစီကတော့ ဆက်သွယ်ရေး တယ်လီကွန်းလိုပဲ အသုံးအများဆုံး ပရိုဂျက်အများဆုံး ဝန်ကြီးဌာ နဖြစ်တော့ အစားဆုံးဌာနလည်း ဖြစ်ပါတယ်။ လျှပ်စစ်စားနည်းနဲ့ တယ်လီဖုန်းစားနည်းမတူပါဘူး။

● လျှပ်စစ်စားခြင်းကို ကာကွယ်ရန်
မကြာခင်မှာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ တခြားနိုင်ငံများလို တဖြေးဖြေးတိုးမြှင့်ကောက်မှာ ဖြစ်ပါတယ်။ လူတဦးချင်း အနေနဲ့ လျှပ်စစ်မစားအောင် မိမိအိမ်မှာ အဲကွန်းကို လျှော့သုံးဖို့လိုပါတယ်။ မီးဖိုကို တတ်နိုင်သမျှ မသုံးဖို့လိုပါတယ်။ အစိုးရ ကလည်း ဂတ်စ်မီးဖိုများကို အရစ်ကျနဲ့ရောင်းပေးပြီး စွမ်းအင်ချွေတာရေး လူထုပညာပေးစီမံကိန်းများ စသင့်ပါတယ်။ နိုင်ငံတကာမှာ လျှပ်စစ်ဓာတ်အားခကောက်ရင် ငွေတောင်းခံလွှာမှာ အရင်၂ လနဲ့ ယခုလဆိုပြီး နှိုင်းယှဉ်ပြထားပါတယ်။ အစိုးရကလည်း အဲကွန်းအလွန်သုံးတဲ့ ကုမ္ပဏီ၊ အိမ်တွေကို လျှပ်စစ်ဈေးနှုန်းမြှင့်တင်ရပါမယ်။ တိုးတက်မဲ့လူ၊ တိုးတက်မဲ့ ကုမ္ပဏီဆိုတာ ချွေတာစုဆောင်းနိုင်သူပဲ ဖြစ်ပါတယ်။

စင်ကာပူ၊ တရုတ် တဟုန်ထိုးတိုးတက်သွားခြင်း ဟာ ချွေတာနိုင်လို့ ဖြစ်ပါတယ်။ ပြည်သူများထံမှာ ချွေတာစုဆောင်းငွေကို လခထဲက မသိမသာဖြတ်ယူနည်း ကုန်စည်အခွန်ကောက်နည်းတို့ ဖြစ်ပါတယ်။

အကြီးစားအဆင့်၊ အစိုးရအနေနဲ့ လျှပ်စစ်စားခြင်းကို ကာကွယ်ဖို့ကတော့ တရုတ်ပြည်အစိုးရလုပ်သလို လျှပ်စစ်ဌာနကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ဆိုပြီး လွတ်လပ်တဲ့ ကော်ပိုရေးရှင်း ၂ ခုအဖြစ် အပြိုင်လုပ်ကိုင်စေခြင်းပါ။ တယ်လီ ဖုန်းစားခြင်းကို တယ်လီနော၊ အော်ရီဒူးအော်ပရေတာ၂ ခု နဲ့ အပြိုင်လုပ်ခိုင်းသလို လျှပ်စစ်ဌာနကိုလည်း တဦးတည်း ဆက် လုပ်ရင် အီးပီစီထိန်းသိမ်းဖို့ နှေးကွေးမှာပါ။

● နိဂုံး
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၂ လောက်မှာ မြို့နယ်များ၊ ဒေသအစိုးရများကို လျှပ်စစ်ထုတ်ရောင်းခွင့် နှစ် ရှည်ပေးမလို ဖြစ်လာလို့ စိုးရိမ်ခဲ့ပါတယ်။ လျှပ်စစ်ကို ဒါမျိုး ခရိုနီကြီး၊ ခရိုနီလေး တွေလုပ်စားခွင့်ပေးလိုက်ရင် သြစတြေးလျားနဲ့ ဖိလစ်ပိုင်တို့လို ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်နိုင်လို့ပါ။ အစိုးရတခုက ပါမစ်ထုတ်ပေးလိုက်ရင် နောက်အစိုးရသစ်က ဖျက်သိမ်း လို့မဖြစ်ပါဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီး ဖျက်သိမ်းလို့မဖြစ်၊ လျော်ကြေးပေးရအောင်လည်း မတရားစာချုပ် ဖြစ်နေတာ မျိုးကြောင့်ပါ။ ဒါကြောင့်လည်း ဗီယက်နမ်အစိုးရက သဘာဝဓာတ်ငွေ့ လျှပ်စစ်ကို ၉၀ ရာခိုင်နှုန်း အသုံးပြုနေချိန်မှာ မြန်မာ နိုင်ငံက ဂတ်စ်တာဘိုင်နဲ့မထုတ်နိုင်ဘဲ ကုန်ကျစရိတ်ကြီးလှတဲ့ ရေအားပဲသုံးရမယ် ကြေညာရခြင်းဟာ တိုးတက်မှုကို နှေး ကွေး စေပါတယ်။ ကိုယ့်နိုင်ငံထွက် သဘာဝဓာတ်ငွေ့ကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်မဲ့နည်းလမ်းသစ်တွေ ရလာမှာပါ။

ရင်းနှီးမြှုပ်နှံမှု ပြည်ပအကူအညီများကလည်း ကြေးမုံသတင်းစာမှာ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးငွေအကြောင်း လွှတ်တော်ကိုယ်စလှယ် (၇) ဦး ဆွေးနွေးကြပါတယ်။၊ ရန်ကုန်တိုင်းဒေသ (၄) လွှတ်တော်အမတ် ဦးသန်းစိုး (သန်းစိုး - ဘော ဂဗေဒ) က စီမံကိန်းတွေကို တိုင်းတာတဲ့ စံချိန်စံညွှန်းများ ထုတ်ပြန်ရန်လိုကြောင်း၊ နိုင်ငံတော်က ဒရိုင်ဘာထိုင်ခုံမှာ ထိုင်ပြီး နိုင်ငံခြားအကူညီ Grant (ချေးငွေ Loan) ကို အကျိုးရှိအောင်လုပ်ပေးရမဲ့အကြောင်း၊ နိုင်ငံခြားကပဲ သူတို့ငွေရဲ့ ၆၀ ရာခိုင်နှုန်းအထိ စာချုပ်များနဲ့ ပြန်ယူသွားလေ့ရှိကြောင်း၊ အထောက်ပံ့ရရေးမူဝါဒလိုက်နေသလား၊ တိုးတက်ဖို့စီမံကိန်းမူဝါဒ နောက် လိုက်နေသလား အထူးစဉ်းစားဖို့လိုအပ်ကြောင်း ဆွေးနွေးသွားပါတယ်။ တကယ်တော့ အဲဒီ ဒေါ်လာသန်း ၁၀၀ ဆိုတာ နည်းနည်းလေးဖြစ်ပါတယ်။ လျှပ်စစ်စီမံကိန်းကြီးများဟာ သန်းပေါင်း ထောင်နဲ့ချီတဲ့ စီမံကိန်းများဖြစ်ပြီး နှစ်ပေါင်းများ စွာ ပေးဆပ်ရမှာဖြစ်တဲ့အတွက် နိုင်ငံတော်က ဒရိုင်ဘာထိုင်ခုံကနေထိုင်ပြီး လျှပ်စစ်နဲ့တယ်လီဖုန်းလို စားကွက်တွေကို စနစ် တကျထိန်းသိမ်းနိုင်မယ် မျှော်လင့်ပါတယ်။

ဇော်အောင် (မုံရွာ)
၁၃ သြဂုတ်၊ ၂၀၁၆။