နောင်ကော်ျ - မောင်သာချိုရဲ့ သမ္မတကြီး စာအုပ်

 
နောင်ကော်ျ - မောင်သာချိုရဲ့ သမ္မတကြီး စာအုပ်
(မိုးမခ စာအုပ်စင်) သြဂုတ် ၂၇၊ ၂၀၁၆
 
နာမည်ကြီးပြီးသား စာရေးဆရာတယောက်ကို ကြော်ငြာပေးစရာမလိုအပ်ဟု ထင်သည်။ မနေ့ညနေပိုင်းက ကျောင်းနေဖက်သူငယ်ချင်းတချို့ ဆုံကြသည့်အချိန်လေးတွင် ကိုသာချိုလည်းပါသည်။
ဤသို့ဆုံကြသည့်အခိုက်အတန့်တိုင်းအတွက် သူ၏နောက်ဆုံးထွက်စာအုပ်ကို လက်ဆောင်ပေးဖို့ ယူလာတတ်သည်။ မနေ့ညနေကလည်း ဒီစာအုပ်လေးကို ယူလာပြီးပေးသည်။သူနှင့်စကားပြောရင်း ထွက်ခဲ့ သောစာအုပ် ၆၀ လောက်ရှိပြီ ဆိုတာကိုပြောသည်။

 သူက ခရီးသွားရင်းလည်းရေးသည်။စကားပြောနေရင်း လည်း တခါတလေ "ဒါလေး လက်စသတ်လိုက်ဦးမယ်။ ခဏလေး" ဟုပြောကာ ရေးနေတတ်သည်။ကျနော်သိသောသူတွေထဲတွင် စာအရေးနိုင်ဆုံး လူတယောက်။ သူ စာတွေရေးနိုင်နေတာကို ကျနော်ဝမ်းသာသည်။

 နောက်ပိုင်းကာလတွေမှာရေးသော သူ့စာတွေက တိုသော်လည်း ပြောချင်တာ ပေးချင်တာကို ထိထိမိမိဖြစ်
အောင်ရေးတတ်သည်။ ဂျာနယ်တွေ သတင်းစာတွေမှာ အရေးများသောကြောင့်လည်း သူ့ဆောင်းပါးတွေက လိုရင်းတိုရှင်းသဘောဘက်သို့ ကဲလာခြင်း ဖြစ်မည်။

 သူငယ်ငယ်က ရေးခဲ့သော ကဗျာတွေ ဝတ္ထုတိုတွေကို စာအုပ်အဖြစ် တစုတစည်းတည်း ပြန်ထုတ်ထားတာ
ရှိမရှိ ကျနော်မမေးဖြစ်သေး။ ငယ်ငယ်က အချစ်ဝတ္ထု တွေ တံငါဘဝဝတ္ထုတွေ ရေးခဲ့ဖူးသည်။ကဗျာကောင်း
တွေ အတော်များများရေးခဲ့ဖူးသည်။နဝတစစ်အာဏာရှင်ခေတ်တွင် လက်သံပြောင်သော ကဗျာတွေရေးခဲ့
ဖူးသည့်အကြောင်းကို ပန်းချီဆရာကိုထိန်လင်းက မန္တလေးထောင်မှာအတူနေကြတုန်းမှာ ကျနော့်ကိုပြော
ပြပြီး သူ့ကဗျာတချို့ကို ရွတ်ပြဖူးသည်။

ယခုဤုစာအုပ်၏ခေါင်းစဉ်ပေးထားသောဆောင်းပါးကို စာမြည်းအဖြစ် ဖော်ပြပေးလိုက်ပါသည်။
လင်းလွန်းခင်စာပေက ၂၀၁၆ သြဂုတ်လတွင် ပထမအကြိမ်အဖြစ် ထုတ်ပြီး တန်ဖိုး ကျပ် ၂၀၀၀။