မိုးမခ စာနယ်ဇင်းနှင့် နည်းပညာ စကားဝိုင်း သြဂုတ် ၂၇၊ စနေ၊ ဖန်တီးရာ




မိုးမခ စာနယ်ဇင်းနှင့် နည်းပညာ စကားဝိုင်း သြဂုတ် ၂၇၊ စနေ၊ ဖန်တီးရာ 
(မိုးမခ ဖတ်ကြားလွှာ)
(မူလကြော်ငြာက သောကြာပါ။ တရက် နောက်ဆုတ်လိုက်ရပါတယ်၊ တောင်းပန်ပါတယ်)

မိုးမခ ရဲ့ လူထု အကျိုးပြု စကားဝိုင်း အစီအစဉ်များ လစဉ် စီစဉ် ဆောင်ရွက်နေရာ ယခု လအတွက် "အိုင်တီနည်းပညာအသုံးချ စာနယ်ဇင်းအတတ်ပညာ မိုးမခ စကားဝိုင်း " ခေါင်းစဉ်နဲ့ ကျင်းပ မှာ ဖြစ်ပါတယ်။ (၂၇ သြဂတ်စ် ၂၀၁၆ (စနေနေ့) @ ဖန်တီးရာ)

Journalism in the Digital Age (Use of IT, Data and Multimedia in Today’s Journalism) ဆိုပြီး စကားဝိုင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာများကို အတိုချုံး အင်္ဂလိပ်လို ခေါင်းစဉ် ပြုထားပါတယ်။

မိုးမခ စာနယ်ဇင်း စကားဝိုင်း အဖွင့်မှာ မိုးမခ အယ်ဒီတာ တဦးဖြစ်သူ ဦးမြင့်ကျော် (စာနယ်ဇင်းပညာ လေ့ကျင့်သင်ကြားပေးနေသူ / မြန်မာမီဒီယာကောင်စီဝင်) က စာနယ်ဇင်းပညာ စကားဝိုင်း လိုအပ်ပုံအကြောင်းကို မိုးမခ ကိုယ်စားပြု ပြောကြားမှာ ဖြစ်ပါတယ်။

စာနယ်ဇင်းနဲ့ နည်းပညာ ဆက်စပ် မိုးမခ စကားဝိုင်း ပွဲကို စီစဉ်သူနဲ့ မေးခွန်းတွေ ဦးဆောင် မေးမြန်းမယ့်သူ Moedrator က တော့ မိုးမခ အယ်ဒီတာ တဦးဖြစ်တဲ့ ငြိမ်းချမ်းအေးပါ။ သူက IT & E-business မဟာ ပညာရပ်များကို လေ့လာသင်ယူခဲ့သူတဦးလည်း ဖြစ်ပါတယ်။

စကားဝိုင်းမှာ ဦးဆောင် ဆွေးနွေးမယ့် သူတွေထဲက တဦးကတော့

■ ဗီအိုအေ (Voice of America) မြန်မာပိုင်း သတင်းဌာနက အယ်ဒီတာ ကိုသားညွှန့်ဦး၊ သူက ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်က လူ့အခွင့်အရေးနဲ့ လူမှုဖွံ့ဖြိုးရေး မဟာဘွဲ့ရရှိခဲ့ပြီး သတင်း မီဒီယာ အလုပ် အတွေ့အကြုံများသူ တဦးဖြစ်ပါတယ်။ ကိုသားညွန့်ဦး က သူ့ရဲ့ လက်တွေ့ ဖြတ်သန်းခဲ့မှုများကို အခြေခံပြီး နည်းပညာနဲ့အတူ ပြောင်းလဲလာတဲ့ သတင်းတင်ဆက်မှု ပုံစံများကို ဆွေးနွေးမှာဖြစ်ပါတယ်။

■ နောက်တဦးကတော့ ၂၀၁၆ ခုနှစ် ပြည်သူ့အကျိုးပြု သတင်းဆောင်းပါး အဖြစ် ကမ္ဘာ့ အထင်ကရ ပူလစ်ဇာ ဆုကြီးကို အေပီ သတင်းဌာနက လုပ်ဖော်ကိုင်ဖက် သတင်းသမားများနဲ့အတူ ပူးတွဲ ရရှိခဲ့တဲ့ အေပီ သတင်းထောက် ကချင် အမျိုးသမီး အက်စတာထုဆန် ဖြစ်ပါတယ်။ သူက ခေတ်သစ် အိုင်တီ နည်းပညာများကို အသုံးချပြီး စုံစမ်း ထောက်လှမ်း တူးဖော် သတင်းရယူမှု Investigative Journalism ကို သူ့ရဲ့ သတင်းလိုက်ခဲ့တဲ့ ကိုယ်တွေ့ ဖြစ်ရပ်များနဲ့ ယှဉ် ဆွေးနွေးမှာ ဖြစ်ပါတယ်။

■ တတိယ တဦးကတော့ မိုးမခ နဲ့ အတူ ပူးပေါင်း ပါဝင်တဲ့ ဖန်တီးရာ မြန်မာ Innovation Lab & ICT Hum က Open Data Manager ကိုသက်အောင် ဖြစ်ပါတယ်။ သူက အချက်အလက် ကိန်းဂဏန်း အခြေပြု သတင်းအတတ်ပညာနဲ့ အများပြည်သူ အသုံးပြုနိုင်သည့် သတင်းအချက်အလက်များ ဆိုင်ရာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

စာနယ်ဇင်း မီဒီယာများ၊ သတင်းသမားအခြေပြု အဖွဲ့အစည်းများ ကိုလည်း ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။

စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက် ပါဝင် ဆွေးနွေးနိုင်ပါတယ်။

ပွဲမှာ မိုးမခ နဲ့ အတူ ဉာဏ်ကြီးရှင် (Genius) က လည်းပူးပေါင်းပြီး ကော်ဖီနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

နေ့ရက် : ၂၇ သြဂတ်စ် ၂၀၁၆ (စနေနေ့)
အချိန် : ညနေ ၆ နာရီ - ၈ နာရီ
နေရာ : အမှတ် ၅၆၁၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ထောင့်၊ MAC Tower (၁၁) လွှာ၊ “ ဖန်တီးရာ” ခန်းမ၊ ရန်ကုန်။
ဝင်ကြေး : အခမဲ့
(ကြိုတင်စာရင်းသွင်းရန် မလို)

မျက်မှောက်ခေတ်တွင် တိုးတက်ဖြစ်ထွန်းလျက်ရှိသော သတင်း မီဒီယာ အွန်လိုင်း ကွန်ရက် ဆက်သွယ်ရေး နည်းပညာများနှင့်အတူ ပြောင်းလဲလာသော သတင်းတက်ဆက်ပုံများ၊ အိုင်တီနှင့် အွန်လိုင်းနည်းပညာ အသုံးပြု သတင်းစုံစမ်းဖော်ထုတ်ခြင်း ဆိုင်ရာများ၊ အများပြည်သူအသုံးပြုနိုင်သည့် သတင်းအချက်အလက်များ အစရှိသည့် စာနယ်ဇင်းနှင့် နည်းပညာ အကြောင်းအရာများကို အထက်ပါ ပုဂ္ဂိုလ်များက စကားဝိုင်းဖွဲ့ ဆွေးနွေးကြမည် ဖြစ်ပါသည်။ စာနယ်ဇင်းမီဒီယာ မိတ်ဆွေများနှင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအသိပေးအပ်ပါသည်။


စီစဉ်သူ ငြိမ်းချမ်းအေး (မိုးမခ)
ဆက်သွန်ရန် - +၉၅ (၀) ၉ ၅၀၄ ၁၀ ၅၈
Email : nyeinchanaye81@gmail.com

Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka


Email : editors@moemaka.net
Phone: +95 (0) 9 252 249 094 ; (0) 9 421 743 753 ; (0) 9 504 10 58 ; (0) 9 430 463 99 (Mandalay)