ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းယွန်းလ - “ပြန်တွန်းမဖွင့်ဖြစ်ခဲ့သေးတဲ့ အခန်းတံခါးတွေအကြောင်း”

 
 ဆောင်းယွန်းလ  - “ပြန်တွန်းမဖွင့်ဖြစ်ခဲ့သေးတဲ့ အခန်းတံခါးတွေအကြောင်း” 
(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၆

ဆွဲထုတ်ပြီး
တချက်တလေမှ မခုတ်ရတဲ့ ဓါးဟာ
ဓါးအိမ်ထဲမှာနေတာ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတယ်
လေထဲ တရွှမ်းရွှမ်းဝှေ့ရမ်းနေရုံနဲ့တော့
ဓါးဟာ ဓါးအရာမမြောက်နိုင်ဘူး…

ကျည်ဖြည့် မောင်းတင်ပြီးရင်
အနဲဆုံး ကျည်တတောင့်လောက်ဖြစ်ဖြစ်
အသံထွက်အောင် ပစ်ဖောက်လိုက်မှ
သေနတ်ဟာ သေနတ်အရာမြောက်တယ်…

ဓါးကို ဓါးအရာမမြောက်မှာစိုးလို့…..
သေနတ်ကို သေနတ်အရာမမြောက်မှာစိုးလို့…..

ကိုယ်တိုင်ဆွဲပိတ်ခဲ့တဲ့ အခန်းတံခါးပေါက်တွေကို
အခုအချိန်ထိ
ကိုယ်တိုင် ပြန်တွန်းမဖွင့်ဖြစ်ခဲ့မိသေးဘူး…

၂၈နှစ်တာအခန်းမှာ
အမျှဝေသံ ၈၄ ကြိမ် ကြားရုံမျှသက်သက်…။

ဆောင်းယွန်းလ (၈ရက်၊ ၈လ၊၂၀၁၆)