ပြည်ပရောက် မြန်မာကို ရန်ကုန်လေဆိပ်က ၀င်ခွင့်မပေး

 
မနေ့က ရန်ကုန်လေဆိပ်မှာ အတားခံထားရတဲ့ ကိုမောင်မောင်ဝမ်း၊ Photo Htein Lin

ပြည်ပရောက် မြန်မာကို ရန်ကုန်လေဆိပ်က ၀င်ခွင့်မပေး
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၆

သဂုတ်လ ၂ ရက်က အမေရိကန်ပြည်ရောက် မြန်မာတဦးဖြစ်တဲ့ ကိုမောင်မောင်ဝမ်း မြန်မာပြည်ကို တရားဝင်ဗီာနဲ့ လာရောက်တာကို ရန်ကုန်လေဆိပ်က လူဝင်မှုကြည့်ကြပ်ရေးမှ ပြည်ဝင်ခွင့် ငြင်းပယ်လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ နှစ်က သူ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်နှင်ဒဏ်ပေးထားတဲ့အမိန့် မပျက်ပြယ်သေးလို့ ဆိုပြီး အကြောင်းပြခဲ့ပါတယ်။ ပန်းချီကိုထိန်လင်းနဲ့ လူရွှင်တော် ကိုဇာဂနာအပါအ၀င် မိတ်ဆွေတွေက လိုက်လံ မေးမြန်းတောင်းဆိုမှုတွေ လုပ်ကြတာကြောင့် ပြည်တွင်းပြည်ပသတင်းတွေမှာ အဆိုပါကိစ္စ ပြန့်နှ့သွားခဲ့ပါတယ်။ ယခုတော့ သူ့ကို ပြန်လည်ပြည်ဝင်ခွင့် ပေးတယ်လို့ ကိုဇာဂနာရဲ့ ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်လာရာမှာ ကိုမေင်မောင်ဝမ်းကတော့ ရန်ကုန်လေဆိပ်ကနေ ပြည်ပသို့ြ့ပန်လည် ပို့ဆောင်ခြင်း ခံလိုက်ရပြီလို့ သိရပါတယ်။ သူပြန်လာချင်တဲ့ သူ့ဇာတိမြေကို ပြန်လာနိုင်ကြောင်း၊ နောက်လေယျာဉ်တစီးနဲ့ အမြန်ပြန်ထွက်လာဖို့ သူ့မိတ်ဆွေတွေက တိုက်တွန်းနေကြတယ်လို့ ဆိုပါတယ်။

မန်မာပြည်ကနေ နိုင်ငံရေးအထွေထွေအကြပ်အတည်းများကြောင့် ပြည်ပကို ထွက်ခွာရသူ မြောက်များစွာ ရှိရာ စစ်အစိုးရလက်ထက်ကနေ ဦးသိန်းစိန်အစိုးရပြောင်းလဲချိန်အထိ ပြည်ဝင်ခွင့်ကို ဖြေလျော့ခြင်း ပွင့်လင်းစွာ မလုပ်ခဲ့ပါဘူး။ ၂၀၁၅ နှစ်ကုန် ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံတင်မြှောက်ထားတဲ့ ဦးထင်ကျော်လက်ထက်မှာလည်းပဲ ပြည်ပက မြန်မာသံရုံးတွေက ပြည်ပရောက် မြန်မာတွေ လွတ်လပ် အေးချမ်းစွာ ပြန်လာဖို့အတွက် ဆောင်ရွက်ပေးခြင်း ထုတ်ပြန်ခြင်း မပြုသေးဘဲ ယခင်အစိုးရရဲ့ စည်းမျဉ်းဘောင်တွေအောက်မှာဘဲ အကန့်အသတ်နဲ့ ထားရှိဆဲ ဖြစ်ပါတယ်။ အဲသည်အချက်ကို ယခင်ပြည်ပရောက် ညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ်ဟောင်း ပြည်ဝင်ခွင့်လျောက်ထားတဲ့အခါမှာလည်း တသမတ်တည်း ကျင့်သုံးလို့ ၀န်ကြီးချုပ်ဟောင်းရဲ့ ဇနီးသည်က မီဒီယာတွေကနေ ဝေဖန်တဲ့ပေးစာကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရသစ်ရဲ့ နိုင်ငံခြားေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ ပြည်ပနိုင်ငံအသီးသီးက သံဝန်ထမ်းတွေနဲ့ ပြည်ဝင်ခွင့်ကို ကြည့်ကြပ်တဲ့ လူင်မှု ဌာနက ၀န်ထမ်းတွေကိုယ်တိုင်က ယခင်အစိုးရပေါ်လစီအတိုင်း ကျင့်သုံးနေဆဲဖြစ်တာကို အခု ကိုမောင်မောင်ဝမ်း ပြည်ဝင်ခွင့် ငြင်းပယ်ခံရတဲ့ ကိစ္စမှာ ထင်ရှားလာပါတယ်။ မြန်မာပြည်တွင်းမှာလည်း မြန်မာနိုင်ငံသားတွေကိုယ်တိုင် ကိုယ့်ပြည်တွင်းမှာ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ကန့်သတ်ထားတဲ့ ဧည့်စာရင်းတိုင်ရမယ့် နည်းဥပဒေကိုလည်း အပြီး ဖယ်ရှားပေးမယ့်အစား ဆက်လက် အသက်သွင်း ကြပ်မတ်ဖို့ လွှတ်တော်တွေက ကော်မီတီတွေမှာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

လူတွေက ၀ိုင်းဝေဖန်လို့ အဲသည်ကာယကံရှင်ကို သက်ညာခွင့် သီးခြားပေးလိုက်တာမျိုး အစိုးရ တုန့်ပြန်ပေမယ့် ပြည်ပရောက် မြန်မာတွေ အားလုံး တန်းတူ လွတ်လပ် အေးချမ်းစွာ တိုင်းပြည်ကို ပြန်လာဖို့ကိုတော့ အစိုးရက ဆောင်ရွက်ပေးဖို့ ၀န်လေးနေဆဲလားလို့ မေးခွန်းထုတ်နေကြပါတယ်။ ၂၀၀၈ မြန်မာ့ပြည် အခြေခံဥပဒေအရ နိုင်ငံရေးကဏ္ဍမှာ အသာစီးယူထားတဲ့ လက်နက်ကိုင်တပ်မတော်နဲ့ စစ်အုပ်စုတွေရဲ့ ဇြာက ဆက်လက်တည်ရှိနေဆဲဖြစ်တာကို ထောက်ပြနေတဲ့ ဖြစ်ရပ်တခုပါ။