ဆောင်းယွန်းလ - “ကိုယ်ရေးကိုယ်တာ (၁၄)”



ဆောင်းယွန်းလ - “ကိုယ်ရေးကိုယ်တာ (၁၄)”

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၆

ဇာတိက
ခြေကြွခတောင်းဖို့ မျက်စောင်းထိုးတယ်

ဇရာက
ကျန်းမာရေးကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်

မရဏက
အိပ်မက်ရိုက်ကွင်းထဲဝင်ပြီး ရုပ်ရှင်ရိုက်ပြတယ်…

ဇာတာကို စစ်ကြည့်တော့
ကိုယ့်ခေတ်ထဲက စစ်ပွဲတွေအဆုံးသတ်ရအောင်
ယကြာခြေဖို့ ငွေလိုတယ်တဲ့…

ငွေဆိုတာ
ဘဝအတွက် နတ်ဘုရားမဟုတ်ဘူးဆိုပေမယ့်
လူ့ဖြစ်ခြင်းတဒင်္ဂမှာ တခမ်းတနားဖြစ်ဖို့ အရေး
ကိုယ့်အချိန်တွေကို အလျော့တွက်ပေးပြီး
ငွေနဲ့ ရွေးနေခဲ့ရ…။

ဆောင်းယွန်းလ (စက်တင်ဘာ ၅ရက်၊ ၂၀၁၆)