နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကျန်းမာ​ရေး စိုးရိမ်​စရာ မရှိ



နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကျန်းမာ​ရေး စိုးရိမ်​စရာ မရှိ
(အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာ) ​နေပြည်​​တော်​၊ စက်​တင်​ဘာ ၂၅


ဗြိတိန်​၊ အ​မေရိကန်​ပြည်​​ထောင်​စု ခရီးစဉ်​များမှ ယ​နေ့ည ပြန်​လည်​​ရောက်​ရှိလာ​သော နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​၏ ကျန်းမာ​ရေး အ​ခြေအ​နေ စိုးရိမ်​စရာ မရှိပါ။

ကျွမ်းကျင်​သူ ဆရာဝန်​ကြီးများဖြင့်​ ကျန်းမာ​ရေး စစ်​​ဆေးခဲ့ရာ -

အ​မေရိကန်​ပြည်​​ထောင်​စု ခရီးစဉ်​အတွင်း အစီအစဉ်​များ များပြားလွန်းပြီး နားချိန်​ နည်းပါးသဖြင့်​ ပင်​ပန်းနွမ်းနယ်​ခြင်း၊

ခရီးစဉ်​အတွင်း စားချိန်​​သောက်​ချိန်​ မမှန်​သဖြင့်​ အစာအိမ်​​ရောင်​ရမ်းခြင်း နှင့်

ကွန်​ပျူတာ အကြည့်​များသဖြင့်​ အရိုးကျည်း​ပေါင်းတက်​ခြင်း

စသည်​တို့ ​တွေ့ရှိရသည်​။

ကျန်းမာ​ရေးအ​ခြေအ​နေမှာ အထူး စိုးရိမ်​ဖွယ်​ရာ မရှိဘဲ ​ကောင်းမွန်​လျက်​ ရှိပြီး အချိန်​ အနည်းငယ်​ အနားယူရန်​ လိုအပ်​​ကြောင်း သိရှိရသည်​။