ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ကိုကို ● ကမ္ဘာ့နိဂုံးကျမ်း

ကျော်ကိုကို ● ကမ္ဘာ့နိဂုံးကျမ်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆

ချစ်​ရတဲ့ အဲလ်​လစ်​​ရေ...
ယေဟိုးဝါက
ဆမ်​​ဆောင်းရဲ့ရှယ်​ယာ​တွေကို
ဝယ်​ယူပြီးတဲ့​နောက်​မှာ
ငါတို့​တွေလည်း
ပင်​လယ်​နီဖြတ်​ပြီး
ဂျေရုဆလင်​ကို မပြန်​နိုင်​​တော့ဘူးကွယ်​။

ပရိုပိုဆယ်​​တွေ၊ ဖားပြုပ်​မိုး​တွေ၊
လွှတ်​​တော်​အမတ်​​လောင်း​တွေ၊
ကျိုင်း​ကောင်​​တွေ၊ လိင်​တူချစ်​သူ​တွေ၊
တောင်​​ဝှေးကဖြစ်​သွားတဲ့ ​မြွေ​တွေ...
အားလုံး ဒင်းကြမ်းနဲ့
အဲဂုတ္တုပြည်​မှာ
တယ်​လီဖုန်းလိုင်း​တွေပဲ များလာတယ်​။

ကမ္ဘာကြီးက​တော့
တ​ဖြေး​ဖြေးချင်း နိဂုံးချုပ်​​တော့မှာပါ
လော​လောဆယ်​​တော့
ခဏ ဒီ (de) ထားလိုက်​ကြစို့။
 
ပိုက်​ဆံပါရင်
ဘယ်​သူကမှ နှင်​မထုတ်​နိုင်​တဲ့
ဧဒင်​ဥယျာဉ်​​တွေဟာ
ဆူပါမားကတ်​ကြီး​တွေပဲ​လေ
အဲ့ဒီမှာ
သွေး​ဆောင်​ဖြား​ယောင်း​နေတဲ့
ပန်းသီး​တွေရှိတယ်​။

ထောင်​စုနှစ်​​တွေချီပြီး
ကျောင်း​တော်​က ညာခဲ့တယ်
တကယ်​​တော့
လူ​ယောက်ျား​ရော လူမိန်းမကို
ဆင်းမ်​ကဒ်​တခုတည်းက ဖန်​ဆင်းခဲ့တာပါ...

ကိုလိုနီထမ်းပိုး​အောက်​က
မလွတ်​တလွတ်​​ဒေသ​တွေမှာ
ပြည်​သူ​တွေက မက်​ဆိုင်​ယာကို ​မျှော်​မ​နေ​တော့ဘူး
ကွန်​နက်​ရှင်​ကိုသာ ​မျှော်​လင့်​​စောင့်​စား​နေတယ်

ဆိုကြပါစို့
အသစ်​တကာ့ အသစ်​ဆုံးကျမ်းစာ
ငါက ခုလို ​ရေးလိုက်​တယ်
"လူမှုကွန်​ရက်​က
ထမ်းပိုးဖက်​​သော အရာကို
ဘုရားသခင်​ မခွဲခွာ​စေနဲ့"
အာမင်​...။

ကျော်​ကိုကို
၂၂.၁၀.၂၀၁၅

ကိုကျော်ကိုကို၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။