ကိုလေး (အင်းဝဂုဏ်ရည်) ● တိမ် တိုက် ကို ဖယ် လိုက် ... အ လင်း ရှိ တယ်


ကိုလေး (အင်းဝဂုဏ်ရည်) ● တိမ် တိုက် ကို ဖယ် လိုက် ... အ လင်း ရှိ တယ်
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ကိုဗဟိန်းဟာ
အင်းဝသား...
ဓနရှင်လောက
ရေးသူ...
မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်ရမယ်
ကြွေးကြော်တော်လှန်ခဲ့တဲ့
ရဲရဲတောက်ခေါင်းဆောင် ...
ဂုဏ်ပုဒ်တွေအများကြီးအနက်
တကယ့်
ဂုဏ်ပုဒ်က ....
" ကွန်မြူနစ်ပါတီကို
ဖဆပလအတွင်းမှ
ထုတ်ပယ်လိုက်သည် "
ဒီသတင်းလဲသိရော
ဟော
ကိုဗဟိန်းအသက်
ဟက်ကနဲ
ထွက် ...
ဘာပြောချင်တာလဲ
ဘာ့ကြောင့်လဲ
နက်နက်နဲနဲမြင်စမ်းပါ့ ...
ကိုဗဟိန်းဟာ
ညီညွတ်ရေးကိုသိသူ
သိပ်သိတဲ့သူ
တန်ဖိုးထားတဲ့သူ
သိပ်ကိုတန်ဖိုးထားတဲ့သူ ...
အသက်နဲ့ပေးတဲ့သင်ခန်းစာ
ညီညွတ်ရင် ဘာ
မညီညွတ်ရင် ဘာ
ကြာလေ
သိလေ
နှစ်ပရိစ္ဆေဒ
ကြာလှပါပကော
ရာစုနှစ်ဝက်မက
ကြာလှပါပကော...
ညီညွတ်ရေးတရား
ရှားသွားပြီ
မီးလောင်နေပြီ
မွဲကုန်ပြီ
ကျွန်ဖြစ်ကုန်ပြီ
ကမ္ဘာလှည့်ကျွန်ခံနေရပြီ ...
အသိဝင်ကြစို့
ကိုဗဟိန်းရဲ့
အသက်ပေးလိုက်တဲ့
"ညီညွတ်ရေး "
သင်ခန်းစာ
မြန်မာမှန်သမျှ
တတ်ကြစေကုန်သတည်း ။ ။

ကိုလေး (အင်းဝဂုဏ်ရည်)