မြန်မာပြန် TS ● ကျည်ဆန်



 မြန်မာပြန် TS ● ကျည်ဆန်
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆

မင်းကိုပေးဖို့ ရေခဲလိုအေးစက် ငွေသားကျည်တတောင့် ငါဆောင်ထားရဲ့။

ညစ်တီးညစ်ပတ်၊ ချိုမြမြ၊ အမှားမရှိ သွေးနဲ့မနေ့ညကမှ လုပ်ထားဖြစ်တာ။
နာရီပေါင်းအတော်ကြာ သိဒ္ဓိတင်ထားတာ။ ဖယောင်းတိုင်တွေ ဂမ္ဘီရမန္တာန်တွေနဲ့ပူဇော်ပသထားတာ။

ကျည်ဆန်ဆိုတာ သူထိတွေ့ရမယ့် မကောင်းဆိုးဝါးလေထု၊ ဒါမှမဟုတ် ရုပ်ခန္ဓာကို မမြင်ရအောင် အရင်ဆုံး မျက်လုံးတွေ ဖောက်ပစ်။ ပြီးတော့ နားကို ပင်းအောင်လုပ်ပစ်၊ ဒါမှ ထိချက်မှန်တဲ့အခါ အသားနဲ့ အရိုးတွေရဲ့အော်သံ၊ ဒါမှမဟုတ် ခြိမ်း ခြောက်သံ၊ ဒါမှမဟုတ် ဂီတသံတွေကို မကြားရမှာ။

နှုတ်ခမ်းတွေကျတော့ လေချွန်နိုင်ဖို့ ချန်ထားရစ်ခဲ့။

ငါပြောတာ နားလည်လား၊
လေချွန်သံဆိုတာ ကျည်ဆန်တွေရဲ့ပြောစကားပေါ့၊ ညရဲ့ချောမွတ်မှုကို ဖောက်ထွင်းပစ်မယ့် အကြမ်းပတမ်း နောက်ပိတ်ဆုံး အနမ်းတွေ၊ သူတို့ရဲ့အံ့ဖွယ်၊ သူတို့ရဲ့ လျှောက်လဲချက်၊ သူတို့ရဲ့ အသက်ရှူသံ။

မူရင်းကဗျာ Bullet / Carlos López Degregori (1952- --)
အင်္ဂလိပ်မူ Robin Myers

မြန်မာပြန် TS