ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ညောင်တုန်းမြို့နယ် ရေးဘေးသင့် ကျောင်းသား ၁ထောင်အတွက် ၀ါးရုံပင်ဖောင်ဒေးရှင်းက လှူဒါန်း



ညောင်တုန်းမြို့နယ် ရေးဘေးသင့် ကျောင်းသား ၁ထောင်အတွက် ၀ါးရုံပင်ဖောင်ဒေးရှင်းက လှူဒါန်း
(ဌေးအောင်၊ မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆

ယနေ့ (၁.၁၀.၂၀၁၆)တွင် ၀ါးရုံပင်ဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်း ညောင်တုန်းမြို့ နယ်အတွင်းရှိ ရေဘေးသင့်ကျောင်း(၁၀)ကျောင်းမှ ကျောင်းသား(၁၀၀၀)ကျော်အတွက် စာအုပ်နှင့်စာရေးကိရိယာများအပါအ၀င် ကျောင်းဆောင်ဟောင်းအားပြုပြင်မွန်းမံရန် ၁၁သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိ၇သည်။

အဆိုပါလှူဒါန်းပွဲသို့  ၀ါးရုံပင်ဖောင်ဒေးရှင်းမှ အဖွဲ့ ဝင်(၃၀)ကျော်နှင့် ဆရာ/မများ ဒေသခံကျောင်းသားမိဘများနှင့် ကျောင်းသူ/သား စုစုပေါင်း ၁၅၀ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝါးရုံပင်ဖောင်ဒေးရှင်းအား ၈၈မျိုးဆက် ကျောင်းသား/သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် လူ့ ဘောင်သစ်ပါတီဝင်များဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။ ၀ါးရုံပင်ဖောင်ဒေးရှင်းအား နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ကျန်းမာရေးထောက်ပံ့ရန်ရည်ရွယ်ဖွဲ့ စည်းထားသော်လည်း ပညာရေးနှင့်ကျန်းမာရေး လူထုအခြေခံလိုအပ်ချက်များကိုလည်း အဖွဲ့ ဝင်များမှစုပေါင်းထည့်ဝင်ကာ ထောက်ပံ့ကူညီလျှက်ရှိသည်။

ဓာတ်ပုံ(ဌေးအောင်)