တင်ညွန့်မြိုင် (သာစည်) - ​နေ မခတဲ့ မီး​တောင်
KT#
တင်ညွန့်မြိုင် (သာစည်) - ​နေ မခတဲ့ မီး​တောင်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၆
နင်​ဟာ ငါ့အစိုးရ
နင်​ဟာ ငါ့ချစ်​​မေတ္တာဘဏ်​တိုက်
အော်
နင့်​ နှလုံးသားနိုင်​ငံမှ
ငါ့ကို နှင်​ထုတ်​ခဲ့တယ်
ငါဟာ နိုင်​ငံမဲ့ မဟုတ်​ဘူး
ငါဟာ ကျွန်းက​လေးတကျွန်းမဟုတ်​ဘူး
ငါဟာ
တောအုပ်​ထဲက သစ်​ပင်​တပင်​ပါ
ပင်​လယ်​ထဲက ငါးတကောင်​ပါ
နင်​နဲ့ ငါဟာ
ကျည်​ဆံ​တွေ အစုန်​အဆန်​လမ်းမှာ
သွေး​တွေ ခုန်​​နေတဲ့လမ်းမှာ
တို့ ချစ်​ခဲ့ကြတယ် ကူးခတ်​ကြတယ်
အာဏာ​တွေ မအို​သေးဘူး
စိတ်​အ​ဟောင်း​တွေ ​နေမညို​သေးဘူး
အို
မီး​တွေက တစိုစို
ဘာပဲ ဖြစ်​ဖြစ်
ပျား​တွေ မနားကြဘူး
ငါး​တွေ မနားကြဘူး
နိုင်​ငံမဲ့ ငါ့မှာ
နင်​ဟာ
အ​ရေး​တော်​ပုံ တပ်​သား
နင့်​ ​တောင်​ပံရိုက်​ခတ်​သံ
ငါ ခံစား​နေတယ်
နံရိုးနဲ့​လှော်​တဲ့ အသံ
နင်​ ခံစား​နေမယ်
ဟုတ်​လား  ၀ဿ     န်​ချို ...