ဆောင်းယွန်းလ ● နိုဘယ်လ်ဆိုင်ရာ ဆင့်ပွားခံစားမှု

 

ဆောင်းယွန်းလ ● နိုဘယ်လ်ဆိုင်ရာ ဆင့်ပွားခံစားမှု
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆

တခါတလေမှာ
ငြင်းဆန်လိုက်တဲ့ အရာတွေက
လက်ခံလိုက်တဲ့ အရာတွေထက်
ပိုပြီး တည်တံ့တယ်။

လိုတာကော မလိုတာပါ ရတဲ့
လူဖြစ်ခြင်းမှာ
ငါတို့ ဘာတွေကိုလက်ခံခဲ့ပြီး
ဘာတွေကို ငြင်းဆန်ခဲ့ဖူးကြပြီလဲ။

ပင်လယ်ဆီရောက်ဖို့
မြစ်ထဲဆင်းခဲ့တာမဟုတ်တဲ့အခါ
ပင်လယ်ဆီ ရောက်တော့လည်း
မြစ်ထဲ ရောက်နေသလိုပါပဲ။

လက်မခံပဲ ရလိုက်တဲ့ မနက်ခင်းတခုမှာ
ဒီကဗျာကို
စိတ်တခြမ်းက ရေးဖို့ငြင်းဆန်ခဲ့ပြီး
ကျန်တဲ့စိတ်တခြမ်းနဲ့ လက်ခံရေးဖြစ်ခဲ့တယ်။

ဆောင်းယွန်းလ (အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၆)