မင်းဆွေနှစ် စီစဉ်တဲ့ မြန်မာကဗျာ လက်ရွေးစင်ဆောင်းပါးများ


 
မင်းဆွေနှစ် စီစဉ်တဲ့ မြန်မာကဗျာ လက်ရွေးစင်ဆောင်းပါးများ
(မိုးမခ စာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၆

 
အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် ကာလသုံးပါးလုံးအတွက် မိတ်ဆွေတို့ ဖတ်ထား ဆောင်ထားသင့်တဲ့ ကဗျာလက်ရွေးစင်ဆောင်းပါးများကို ကဗျာဆရာမင်းဆွေနှစ်က စီစဉ်ခဲ့ပြန်ပြီဖြစ်ပါတယ်။

ဒီစာအုပ်မှာ မြန်မာကဗျာလောက၊ မြန်မာစာပေလောကရဲ့အခေါင်အချုပ် ဥသျှောင်ကြီးများဖြစ်ကြတဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဒဂုန်တာရာ၊ မြသန်းတင့်၊ တက္ကသိုတ်ဘုန်းနိုင်တို့မှသည် ယနေ့ခေတ်ပြိုင်ကဗျာလောကမှာ ပါဝင်ဖြတ်သန်းလျှောက်လှမ်းနေကြတဲ့ ဆရာကြီးငယ်ပေါင်းစုံ ကလောင်ပေါင်း ၅၀ တို့ရေးသားထားတဲ့ ကဗျာရေးရာဆောင်းပါးများ ပါဝင်မှာ ဖြစ်ပါတယ်။

စာမျက်နှာပေါင်း ၅၀၀ ကျော်ပါဝင်ပြီး မျက်နှာဖုံးပန်းချီ CNK ၊ အဖုံးဒီဇိုင်း မင်းဆွေနှစ်တို့ရဲ့လက်ရာနဲ့
နှစ်ထပ်ဖုံး အခန့်ချုပ်အဖြစ် ထူထူထဲထဲလှလှပပ ခမ်းခမ်းနားနားစီစဉ်ထားတာပါ။

ချင်းတွင်းအိမ်စာပေက ထုတ်ဝေပြီး ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ကို သြဂုတ်လ ၂၀၁၆ မှာ နှစ်ကာလများစာပေရဲ့တာဝန်ယူမှုနဲ့ ဖြန့်ချိတယ်လို့ သိရပါတယ်

ကမ္ဘာအရပ်ရပ် မည်သည့်နေရာကမဆို ဖတ်နိုင်ဖို့အတွက် အွန်လိုင်းကလည်း ဖြန်ချိဖို့ WE (မြေမှုန်လွင်)နဲ့ စီစဉ်ထားကြောင်း သိရပါတယ်။