မြစ်အောင် ● သစ်တော


မြစ်အောင် ● သစ်တော
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၆

ခေါင်းပေါ်မှာဆံပင်တွေအတော်ပါးသွားတယ်
ဖျော့တော့ဝါကြင်နေတဲ့မျက်လုံးမွဲမွဲတွေနဲ့ကြည့်တယ်
ချိုင်းထောက်တဖက်ကို အိမ်အပြင်မှာမှီထားတယ်။

စစ်ကြီးနောက်ပိုင်းမှာ
လူဆိုးသူခိုးတွေအဝင်အထွက်များသလို
အာဏာရလူတန်းစားတွေလည်း မကြာခဏပဲ
သူတို့သယ်နိုင်တာထက်နှစ်ဆပြန်သယ်သွားကြတယ်
အသေမသတ်သွားတာကိုပဲ ကျေးဇူးတင်နေရ။

ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြောနေပုံပေါ့
တကိုယ်လုံးအမာရွတ်တွေအပြည့်နဲ့ပြောနေပုံပေါ့။ ။

မြစ်အောင်