သူရနီ - အုတ်ဂူဘေးက ကနုတ်ပန်း (၅ )

ပန်းချီ သန်းဌေးမောင် - ခေါ်သ



သူရနီ - အုတ်ဂူဘေးက ကနုတ်ပန်း (၅ )
(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၁၆

သမင်လိုက်အကလေလား
ဇာပန်းခက်ထိုးနေပုံလား
ပန်းတွေတဇောင်း ပွင့်နေဟန်လား
ပွင့်ဦးကို ဝဏ္ဏပဘာနဲ့ လွမ်းရတယ်
သစ္စာကိုတော့ သည်ဆောင်းဟေမာန်နဲ့လွမ်း
ဆည်းဆာကိုတော့ ရတုဘုရင်နဲ့လွမ်းရမယ်
မိုးသက်လေနှင်ကတော့
ဘယ်တော့မှ မကျက်တဲ့အနာပဲ။

ဂီတနက်သန်တေးသွားတွေက
လူတစ်ရစ် နတ်တစ်ရစ်ပြုလုပ်ထားတဲ့
လိမ္မော်ရောင် လိရိကတွေဟုဆိုလျှင်
အလွမ်းနဲ့ အတိပြီးတဲ့ နတ်ဘုရားက
စောစောငြိမ်းသွားတဲ့ ကိုစောညိန်းဖြစ်တယ်။