ချင်းရောင်ခြည်မဂ္ဂဇင်း အမှတ် (၁၅) ထွက်ပြီ







ချင်းရောင်ခြည်မဂ္ဂဇင်း အမှတ် (၁၅) ထွက်ပြီ
(SK ရှန်လိန်း) မိုးမခ၊ အောက်တိုဘာ ၂၉၊ ၂၀၁၆

ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့က ၃-လ တစ်ကြိမ် ပုံမှန်ထုတ်ဝေနေသော ချင်းရောင်ခြည်မဂ္ဂဇင်းများအနက် အမှတ်(၁၅) ၏ E Book စာအုပ် ထွက်ရှိလာသည်။ E Book PDF File ကို www.moemaka.com နှင့် www.moemaka.blogspot.com တို့တွင် ဓမ္မဒါနအဖြစ် အခမဲ့ရယူနိုင်အောင် စီစဉ်ထားပါသည်။ ပုံနှိပ်စာအုပ်မှာ ၂၀၁၆ နိုဝင်ဘာလပထမအပတ်တွင် ရရှိနိုင်တော့မည်ဟုသိရသည်။


ချင်းရောင်ခြည် ရနိုင်သောနေရာများမှာ - (၁) ပင်ရင်း၊ အမှတ် ၇၄ ၊မြေညီထပ်၊ ကျွန်းတောလမ်း၊ စမ်းချောင်း၊ ဖုံး - ၀၁ ၅၀၀၇၃၅ ၊ ၀၉ ၃၀၀၀၄၉၇၄ ၊ ၀၉ ၇၉၉၆၇၉၉၅၉ ၊
(၂) စာပေနန်းတော်၊ ၁၃၈-၁၄၀၊ ပ-ထပ်။ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတား။ ဖုံး-၀၉၇၃၁၂၅၀၆၇
(၃) သီတာ နီလာစာပေ၊ ၆၂၂ ကုန်သည်လမ်း၊ လမ်း ၃၀ ထောင့်၊ ဖုံး-၀၁-၂၄၅၀၃၃
(၄) စာပေဗိမာန် အရောင်းဆိုင်၊ ကုန်သည်လမ်း၊ ၃၇ လမ်းထောင့်၊
(၅) ပါရမီစာပေ၊ ၂၃၀- ၂၉ လမ်း၊ ပန်းဘဲတန်း၊ ဖုံး ၀၁ ၂၅၃၂၄၆
(၆) မိတ်ဆွေ စာပေ၊ ၅၂၇ ဘုရင့်နောင်လမ်း၊ ပေါက်တောဝ၊ အင်းစိန်။ ဖုံး-၀၉၈၆၂၀၇၅၃
(၇) မ-ဘ-သ အရောင်းဆိုင်၊ ရွာမ ပရိယတ္တိ စာသင်တိုက်တို့ ဖြစ်သည်။


အမှတ် ၁၅ တွင် ပါဝင်သောစာမူများကို မာတိကာဓါတ်ပုံတွင် လေ့လာနိုင်သည်။ ဈန်သစ်အောင်၏ ဗုဒ္ဓနှင့် သာကီဝင်တွေဟာ ဘာလူမျိုးလဲ ဟူသော ဆောင်းပါးမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့၏ ၀က်ဆိုဒ်မှာ www.chinyaungchi.com ဖြစ်သည်။ Email;မှာ
Chinyaungchi.ygn16@gmail.com ဖြစ်သည်။ Facebook မှာ "chinyaungchi" ဖြစ်သည်။မဂ္ဂဇင်း သြ၀ါဒါစရိယ ဆရာတော်များမှာ (၁)အရှင်က၀ိန္ဒ၊ ကန်သာယာကျောင်းတိုက်၊ ကြည့်မြင်တိုင်။  (၂) အရှင်ဥာဏာဘိဝံသ၊ ပိဋက နယူပဒေသကျောင်း၊ မစိုးရိမ်တိုက်၊ မန္တလေး။ (၃) အရှင်နန္ဒမာလာ၊ မောင်နွေထွန်း၊ ပေါက်ခေါင်း။ (၄) အရှင်စန္ဒကုမာရ။ ရွှေတြိဂံမောင်စံ။ (၅) အရှင်ဥတ္တမ။ အနွေးသခင် တို့ဖြစ်သည်။

အကြံပေးနာယကများမှာ ၁။ ဦးဖေလိန်းမောင်း ၂။ ဦးထန်းဘူ ၃။ ဦးရှိန်းလိန်းထန်း ၄။ ဦးတင်အောင်  ၅။ ဦးခေါဂေလိန်းတို့ ဖြစ်သည်။ အယ်ဒီတာချုပ် - ကိုနိုင်း၊ ချင်းတောင်။ တာဝန်ခံ အယ်ဒီတာ သေရှောင်ချင်း။ အယ်ဒီတာအဖွဲ့ဝင်များမှာ ချင်းစည်သူ၊ ဆလိုင်းနောစော် တို့ဖြစ်သည်။

ဦးတင်အောင်၊ဥက္ကဌ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့က ထုတ်ဝေပြီး ၊ ဦးအောင်ကျော်ထူး ၊မြတ်ပန်းရဂုံ ပုံနှိပ်တိုက်က အဖုံးနှင့် အတွင်းစာသားများကို ပုံနှိပ်သည်။ ၂၀၁၆ နိုဝင်ဘာလတွင် ပထမအကြိမ်၊ အုပ် ၁၁၀၀ ကို ပုံနှိပ်ထုတ်ဝေသည်။