ဝန်ကြီးချုပ်ကို နာရီလက်ဆောင်မပေးပါဟု လုပ်ငန်းရှင် ဦးမောင်ဝိတ် ရှင်းလင်း


ဝန်ကြီးချုပ်ကို နာရီလက်ဆောင်မပေးပါဟု လုပ်ငန်းရှင် ဦးမောင်ဝိတ် ရှင်းလင်း
(ဌေးအောင်၊ မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၆

၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့  Daily Eleven သတင်းစာပါ”၀န်ကြီးချုပ်တစ်ဦး ဒေါ်လာတသိန်းခန့် တန် Patek Phillipe နာရီဝတ်ဆင်သည်”ဟုရေးသားဖော်ပြခဲ့ပြီး ယင်းလက်ဆောင်နှင့်ပတ်သက်သည့်ကိစ္စအား စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်သည် သတင်းစာရှင်းလင်းပွဲတစ်ခုအား ယနေ့ (၉.၁၁.၂၀၁၆)နံနက်(၁၀း၀၀)နာရီတွင် Novotal Hotet Main Hall တွင် ကျင်းပခဲ့သည်။

၎င်းသတင်းစာ ရှင်းလင်းပွဲတွင် မည်သည့် ၀န်ကြီးချုပ်ကိုမျှ မည်သည့်နာရီမျှ လက်ဆောင် ပေးခဲ့ဖူးခြင်း မရှိပါဟု တက်ရောက်လာသူဧည့်သည်များနှင့် သတင်းမီဒီယာများအား လုပ်ငန်းရှင် ဦးမောင်ဝိတ်မှ ရှင်းလင်းပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအား နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ၀ိုင်းဝန်းပြင်ဆင် ကူညီဆောင်ရွက်ပေးနေသည်ကိုတွေ့ ရသည်။
သတင်းစာရှင်းလင်းပွဲအား ကုမ္မဏီအသီးသီးမှ လုပ်ငန်းရှင်(၆၀)ကျော်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အခြားစိတ်ဝင်စားသူများ စုစုပေါင်းလူဦးရေ(၅၀၀)ကျော်တက်ရောက်ခဲ့သည်။

ဓာတ်ပုံ-ဌေးအောင်