လွမ်းရစ်ဝေသော နေ့များ ညများနဲ့ မောင်မောင်စိုး စာအုပ်ထွက်မည်


လွမ်းရစ်ဝေသော နေ့များ ညများနဲ့ မောင်မောင်စိုး စာအုပ်ထွက်မည်
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၂၉ ၊ ၂၀၁၆

စာအုပ်အမည်။ ။ လွမ်းရစ်ဝေသော နေ့များညများ ဘဝပေါင်းများစွာ။
စာရေးသူ ။ ။ မောင်မောင်စိုး
ထုတ်ဝေသူ။ ။ ရွှေနဒီစာပေ
တန်ဖိုး ။ ။ ၃၀၀၀/ ကျပ်
ဖြန့်ချိရေး။ ။ ရွှေနဒီစာပေ။ ph 09254099229 / 09795665051

၁၉၆၂ မှ ၁၉၇၅ ခုနှစ် ဇွန် သပိတ်ကာလထိ သမိုင်းနောက်ခံတွင် ဖြတ်သန်း လှု ပ်ရှားခဲ့သည့် မိမိလက်လှမ်းမှီသည့်သူများ မိမိပတ်ဝန်းကျင်တွင် မိမိနှင့်အတူတကွ ဖြတ်သန်းခဲကြသူများ ၁၉၇၄ အလုပ်သမားသပိတ် ဦးသန့်အရေးတော်ပုံနှင့် ၁၉၇၅ ဇွန်သပိတ်ကာလ လှု ပ်ရှားမှု များ ဆေးတက္ကသိုလ် ၂ ကျောင်းသားများ
၏ ပုံရိပ်များ ဘဝများကို ပုံဖေါ်ထားပါသည်။ ဇာတ်ကောင်အားလုံးသည် သက်ရှိ ဇာတ်ကောင်များ ဖြစ်ကြပါသည်။

မိုးမခမီဒီယာတွင် ဆက်တိုက်ဖေါ်ပြခဲ့ပြီး ယခုချိန်ထိ အပိုင်း ၃ ပိုင်းခန့်သာ ဖေါ်ပြရန်လိုပါတော့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၄ ရက့်နေ့ထိ ပြန်ကြားရေးဝန်ကြီးမှ ပြု လုပ်မည့် နိုင်ငံရေးစာတမ်းဖတ်ပွဲနှင့် စာအုပ်အရောင်းပွဲတော် ( သိမ်ဖြူ လမ်း ဗဟိုပုံနှိပ်တိုက်) တွင်၎င်း ၂၀၁၆ ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်ထိ ရန်ကုန်တက္ကသိုလ်ဝင်း ( သစ်ပုပ်ပင်နှင့် စာကြည့်တိုက်ကြား ) ပြု လုပ်မည့် စာအုပ်အရောင်းပွဲတော်
တွင်၎င်း ရွှေနဒီစာပေနှင့် ဗဂျီအိမ်စာပေတို့မှ တိုက်ရိုက်ရောင်းချသွားပါမည်။