ကမ်လူဝေး ● ကစားပွဲ



ကမ်လူဝေး ● ကစားပွဲ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

ပိုက်ဆံများများ သုံးပြီး
အလုပ်လုပ်တမ်း ကစားတယ်
အလုပ်လုပ်တယ်လို့
အများက ထင်မှတ်သွားအောင်
အလုပ်လုပ်တမ်း ကစားတယ်။

ရွှေသီးမည့် မြေကွက်ကြီးပေါ်
ဟော်တယ်ကြီးတွေ ဆောက်ပြီး
အလုပ်လုပ်တမ်း ကစားတယ်။

ခမ်းနားတဲ့ အဆောက်အဦးကြီးတွေပေါ်
ကုမ္ပဏီကြီးတွေ ထောင်ပြီး
အလုပ်လုပ်တမ်း ကစားတယ်။

လှပတဲ့ ရေမြေတောတောင်ကြားမှာ
ကော်ဖီဘားနဲ့ ကိတ်မုန့်ဆိုင်ဖွင့်ပြီး
အလုပ်လုပ်တမ်း ကစားတယ်။

တနေ့တခြား ကြီးထွားလာတဲ့ ဓနဟာ
အလုပ်လုပ်ရင်း ပွားလာတယ်လို့ ထင်အောင်
အလုပ်လုပ်တမ်း ကစားတယ်။

အလုပ်တွေ များတယ်
အလုပ်လုပ်တမ်း ကစားတယ်
ကြိုးစားမှုက အရာထင်တယ်
ရေမြေပြောင်းတော့
မိတ်ဖက်ကောင်းလို့ ခေါ်ရတယ်။   ။

ကမ်လူဝေး