နရီမင်း - ပုံပြင်ထဲက သူရဲ​ကောင်း



နရီမင်း - ပုံပြင်ထဲက သူရဲ​ကောင်း
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၆

ကိုယ်ဟာ
မြင်းစီး ထွက်ချင်တာလေးတခုနဲ့
တပ်ပျက်မှာ ဗိုလ်လုပ်ခဲ့၊
ရပ်သိရွာသိ ပြည့်​တန်​ဆာကို
အပျိုပါလို့ ကြေညာပြီး
တရားဝင် ထိမ်းမြားခဲ့၊
ရင်ကော့ပြီး ရှေ့ကို ချီလာချိန်မှာ
ခိုးသားငါးရာဟာ
ကိုယ့်ရဲ့ နောက်လိုက်နောက်ပါတွေဖြစ်တယ်။

နရီမင်း
၂၅- ၁၁- ၂၀၁၆