နယူးယောက်၊ အယ်ဘနီက မြန်မာကဗျာရွတ်ပွဲ အောင်မြင်



နယူးယောက်၊ အယ်ဘနီက မြန်မာကဗျာရွတ်ပွဲ အောင်မြင်
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆

လက်ခံရရှိသော သတင်းပေးပို့ချက်ကို ဖော်ပြပေးလိုက်ပါသည်။

ဆရာကြီး မောင်စွမ်းရည် ၊ အမေရိကားသို့ ရောက်ရှိနေသည့် ကိုကိုသက်၊ ကျော်မင်းထွန်း ( ဆေး - ၁ )၊ မိုးကြယ် ( နိုင်ငံရေး အကျဉ်းသားဟောင်း) ၊ ရိုး(ခေတ္တရာ)၊ အောင်နေကျော်၊ကဗျာဆရာများ ရဲ့ ကဗျာရွတ်ပွဲ အခမ်းအနား ကို နယူးယောက် နေပြည်တော် တွင်ကျင်းပခဲ.ပါသည်။


နယူးယောက် နေပြည်တော် (Albany)
နေ့ရက်- နိုဝင်ဘာလ ၁၂ ရက်(စနေနေ့ )
အချိန်- ညနေ ၂ နာရီတိတိ
နေရာ- နယူးရောက်နေပြည်တော်
ပင်မ စာကြည့်တိုက်

ကိုနိုင်မွန်သော၊ ကိုရဲကျော်သူ ၊ အဘ သာကြည်ကျော်ညိမ်း၊ ကိုကိုသက်၊ ကို သိန်းထွန်း၊ ကိုကျော်မင်း နိုင်၊ တို့ အခမ်းအနားဖြစ်မြောက်အောင် ပြင်ဆင်ပေးကြပါသည်။ မငယ်၊ မထူးဆန်၊ ကိုမင်းစိုးသန်း၊ မလှလှဝင်း၊ ကိုမင်းနိုင်၊ ကာကာ၊ တို့ အစားသောက်များပြင်ဆင်ပေးကြ သည်။ ကိုစိုင်းကျော်၊ ကိုစောသိန်းဝင်း၊ ကိုအောင်လွင် တို့ ကာရာအိုကေဖြင့်ဖျော်ဖြေပေး ကြ သည်၊

Hillary, Tara ၊ မမျိုး မြထ်မော်၊ ကိုလတ်၊ ကိုအောင်လွင်၊ မခင်မြမူ၊ ကိုစိုးမိုးအောင်၊ မကြူကြူ၊ ကိုနိုင်မင်း၊ ကိုသားထွေး၊ အမင်း၊ Dr. ကျော်မင်းထွန်း၊ နိုင်မွန်၊ John Jason၊ တို့ အပါအ၀င် အနုပညာ ကဗျာ ကိုချစ်မြတ်နိုးကြသူများက အခမ်းအနားအား လာရောက် ချီးမြှင့်ပေးကြသည်။

အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြ သော မိတ်ဆွေများ၊ view, Like, comment ပေးကြသော Facebook မိတ်ဆွေများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင် ရှိပါသည်။

(နယူးယောက် နေပြည်တော် ကဗျာရွတ်ပွဲ ဖြစ်မြောက်ရေးအဖွဲ့)