Messe Frankfurt Myanmar ကုန်စည်ပြပွဲအတွက် သတင်းစာရှင်းလင်း


Messe Frankfurt Myanmar ကုန်စည်ပြပွဲအတွက် သတင်းစာရှင်းလင်း
(ဌေးအောင်၊ မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆
 
ယနေ့  (၈၊ နိုဝင်ဘာ၊ ၂၀၁၆) နံနက် (၉း၀၀) နာရီတွင် Messe Frankfurt Myanmar မှ ကုန်စည်ပြပွဲများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန် ကမာရွတ်မြို့ နယ်အတွင်းရှိ Novotal Hotel တွင် ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့  ပြည်တွင်းမှ ကျောက်မျက်လုပ်ငန်းရှင်များ၊ ကြိမ်လုပ်ငန်းရှင်များ၊ အထည်ချုပ်လုပ်ငန်းရှင်များအပါအ၀င် အခြားလုပ်ငန်းရှင်များနှင့် သတင်းစာနယ်ဇင်းများမှ ကိုယ်စားလှယ် ၅၀ကျော်တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်အချက်များအား ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။

ဓာတ်ပုံ-ဌေးအောင်