မျိုးတေဇာမောင် ● ရာမီ ဆာရီ (အစ္စရေး၊ ၁၉၆၃)

မျိုးတေဇာမောင် ● ရာမီ ဆာရီ (အစ္စရေး၊ ၁၉၆၃) 
(Rami Saari ; Israel, 1963)
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၆

Rami Saari ကို ၁၉၆၃ ခုနှစ်၊ အစ္စရေးမှာမွေးဖွားပြီး သူ့ရဲ့ကလေးဘဝကို အာဂျင်တီးနားနဲ့ အစ္စရေးမှာ ကုန်ဆုံးခဲ့တယ်။ သူဟာ ကဗျာဆရာဖြစ်တဲ့အပြင် ဘာသာပြန်ဆရာ၊ ဘာသာဗေဒပညာရှင်၊ စာပေဝေဖန်ရေးဆရာလည်းဖြစ်တယ်။ ၂၀၀၃ ခုနှစ်မှာ သူဟာပီအိပ်ခ်ျဒီဘွဲ့ရရှိခဲ့တယ်။ ဟယ်လ်စင်းကီးတက္ကသိုလ်၊ ဘူဒါပတ်စ်တက္ကသိုလ်နဲ့ ဂျေရုစလင်မ်တက္ကသိုလ်တို့မှာ Lnaguistics ၊ Semitic နဲ့ Uralic Languages တွေသင်ကြားပို့ချနေသူဖြစ်တယ်။ Uralic Language ဆိုတာကတော့ ဥရောပတိုက်မြောက်ပိုင်း၊ အရှေ့ဥရောပနဲ့ ဆားဗီးယားအနောက်မြောက်ပိုင်းတွေမှာအသုံးများတဲ့ ဘာသာစကားဖြစ်ပြီး Uralo-Yukaghir လို့လည်း အသိများတယ်။ ဖင်းနစ်ရှ်၊ အက်စတိုးနီးယန်းနဲ့ ဟန်ဂေရီယန်းဘာသာစကားတွေဟာ Uralic တွေပဲဖြစ်ပါတယ်။ အခုတော့ Rami Saariရဲ့ကဗျာတစ်ပုဒ်ဖတ်ကြည့်ရအောင်။

|ဘွန်ဆိုင်းကြောင်ကလေးတွေ |
......

ဘာသာဗေဒ ဌာနမှူးတစ်ယောက်ဆီကလာတဲ့
အီးမေးလ်ထဲမှာ
ဘွန်ဆိုင်းကြောင်ကလေးတွေအကြောင်း ဖတ်လိုက်ရတယ်
ရက်စက်တတ်တဲ့ ဂျပန်တစ်ယောက်ဟာ
နယူးရော့ခ်မှာ
ဘွန်ဆိုင်းကြောင်လေးတွေကို
ပုလင်းထဲထည့်မွေးထားတယ်တဲ့။

သူတို့ရဲ့ အကျဉ်းထောင်ထဲ
အစားကို ပိုက်နဲ့သွင်းပေးတယ်
အညစ်အကြေးကိုလည်း ပိုက်နဲ့ အပြင်ထုတ်သတဲ့
အဲ့ဒီပုလင်းသွင်းကြောင်းကလေးတွေကို
အမှတ်တရပစ္စည်းအဖြစ်ရောင်းရန် တံဆိပ်ကပ်ထားသတဲ့။

စာရဲ့အဆုံးမှာတော့
ဘွန်ဆိုင်းကြောင်တွေကို အမှတ်တရပစ္စည်းအဖြစ်
မရောင်းဖို့ မကြော်ငြာဖို့ ဆန္ဒပြာလွှာ လက်မှတ်ထိုးဖို့ ပြောထားတယ်။


ကျွန်တော်လည်း ချက်ချင်းပဲလက်မှတ်ထိုးတဲ့အပြင်
စိတ်ကောင်းရှိတဲ့ လူ ၇၀ ဆီ
အီးမေးလ် လက်ဆင့်ကမ်းလိုက်တယ်။

၂၄ နာရီကြာ
ကျွန်တော့်အီးမေးလ်စာတိုက်ပုံး ပိတ်ထားပြီးနောက်
ပြန်စာရောက်လာတယ်။

ကျွန်တော့်ညီဆီကစာ
အဲ့ဒီဘွန်ဆိုင်းကြောင်တွေဆိုတာ ယုံတမ်းစကားတွေတဲ့။

စိတ်ကောင်းမရှိတဲ့လူတွေရဲ့နောက်ပြောင်မှုဟာ
ဘယ်လောက်အကန့်အသတ်မရှိသလဲ
ကျွန်တော် ဘယ်သူနဲ့စကားပြောရမလဲ။

ကျွန်တော့်စာအုပ်ပြတင်းကိုဖွင့်လိုက်တယ်
ကဗျာအသစ်တွေဖတ်ဖို့
ကြည်လင်တဲ့ မိုးကုတ်စက်ဝိုင်းကိုဖွင့်လိုက်တယ်
လူတွေမပါဘူး တိရစ္ဆာန်လေးတွေ ချည်းသက်သက်။

မျိုးတေဇာမောင်

အစ္စရေးလ် ကဗျာဆရာ Rami Saari ရဲ့ The Bonsai Cats

ပုံ - ကဗျာဆရာ Rami Saari