ငြိမ်းချမ်းအေး ● ဆရာကြီးတင်မိုး အိမ်ပြန်ရောက်တဲ့နေ့


ငြိမ်းချမ်းအေး ● ဆရာကြီးတင်မိုး အိမ်ပြန်ရောက်တဲ့နေ့
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၆

ဧည့်သည်ကြီးရဲ့ အိမ်ပြန်ချိန်ဟာ ခမ်းနားသင့်တယ် ..
တင်မိုး အိမ်အပြန်ဟာ နိုင်ငံတော်အဆင့် ကြိုရမယ် ..
တင်မိုး ဗမာပြည်မှာ မြေကျမယ့် ကိစ္စဟာ အရေးကြီးအဆို ဖြစ်ရမယ် ..

မှိုင်း ဆရာ မရှိရင် ဆန်း သခင် မဖြစ်ခဲ့ဘူး
လူရွှန်း မရှိရင် မော်စီတုန်း ပြည်သူ့တော်လှန်ရေး မအောင်မြင်နိုင်ဘူး

အနုပညာရှင် စာဆိုတော်ဆိုတာတွေက တိုင်းပြည်ရဲ့ ၀ိညာဉ်တွေ

သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး စတဲ့ စတဲ့
သူတို့တွေ မရှိဘဲ ဗမာပြည်ကို တည်ဆောက်မရဘူး
သူတို့တွေကို တန်ဖိုးမထားတတ်ဘဲ တိုင်းပြည်ဟာ ရှေ့မရောက်ဘူး

ယိတ်စ် ကို ဂုဏ်ပြုတဲ့ အော်ဒင်ရဲ့ ကဗျာ အတိုင်း
မြသန်းတင့်က ဗန်းမော်တင်အောင်ကို ဂုဏ်ပြုတဲ့ အတိုင်း

ဆိုပါရစေ..

Burma, receive an honoured guest
Our Tin Moe is laid to rest.

ဗမာပြည်ရေ
ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့…
တင်မိုးကို
နားနေ လဲလျောင်းစေပေါ့…။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၂၄၊ ၂၀၁၆
(ဆရာကြီး တင်မိုး အိမ်ပြန်ရောက်သည့်နေ့)