ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွန်းဝေမြင့် ● အမေ ပုခက်လွှဲမပျက်

 ထွန်းဝေမြင့် ● အမေ ပုခက်လွှဲမပျက်
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၆

အမေ ပုခက်လွှဲနေတဲ့အခိုက်
သူခိုးဓားပြတွေ ချောင်းမြောင်းနေကြတယ်။

အမေပုခက်လွှဲနေတဲ့အခိုက်
တန်ခိုးတပြပြတွေ အသွားအလာမပျက်
အမေ ပုခက်လွှဲနေတဲ့အခိုက်
အစိုးမရတာတွေ အကြမ်းဖက်နေကြ။

ဘယ်လိုပဲ...
အမိုက်တိုက် အမှောင်တိုက်တွေ
တလိမ့်လိမ့်တက်လာကြပါစေ
အမေ ပုခက်လွှဲမပျက်...လွှဲမြဲ

ပုခက်ထဲက ကလေးအတွက် အမေ့မှာ စွမ်းအားအပြည့်။
ပုခက်ထဲက ကလေးအတွက်အမေ့မှာ ဉာဏ်ပညာအပြည့်။
ပုခက်ထဲက ကလေးအတွက် အမေ အသက်ပေးထား။  ။

ထွန်းဝေမြင့်