ဒီသစ် ● မိုးကိုက်ခံထားရတဲ့ ဆောင်း


 ဒီသစ် ● မိုးကိုက်ခံထားရတဲ့ ဆောင်း
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၆

တိမ်မီးခိုးတွေက
မိုးမှောင်ကြီး ကျလို့
တရွာလုံး ဗွက်အပုပ်နံ့ဖုံးဆဲလေ
ဒဏ်ရာဗရပွနဲ့ ရွာလမ်းမရဲ့မြေပခုံး
မိုးရိုက်ခံထားရတုန်းပ။

ကောက်စောတွေရေနစ်
ကောက်လတ်တွေ အပွင့်ကြွေ
ကောက်ကြီးတွေ အပြိုပြိုအလဲလဲ
ဖရိုဖရဲနဲ့
မယ်ဇလီပင်တွေတောင်မှ
အဖူးနောက်ကျပေါ့။

နှင်းမျှော်တဲ့စပါးပင်တို့ရဲ့
ဟောဒီ့ကောင်းကင်မွဲမွဲကြီးအောက်မှာက
စိုထိုင်းဆများတုန်းကွယ့်။ ။

ဒီသစ်