မွန်းအောင် အခွေသစ် ဒီနေ့ ဖြန့်မည်


မွန်းအောင် အခွေသစ် ဒီနေ့ ဖြန့်မည်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၆

အဆိုကျော် မွန်းအောင် ရဲ့ တကိုယ်တော် တေးစု ၅ စု မြောက် အဖြစ် ငြိမ်းချမ်းရေးမိုးစက်မျာ တေးစုသစ် ကို  (၁၀ ဒီဇင်ဘာ ၂၀၁၆) က အစပြု ဖြန့်ပါမယ်။ ဆူးလေ ဘုရားလမ်း ဆူးလေရှန်ဂရီလာဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ East ဟိုတယ်မှာ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီ အထိ အဆိုတော် မွန်းအောင်၊ ဂီတစာဆို ကိုနေဝင်း အပါအဝင် တေးစု ကို ဖန်တီးခဲ့ကြသူ ဂီတ ပညာရှင်များကာ သီချင်းစီဒီ ဝယ်ယူသူတွေကို အမှတ်တရ လက်မှတ်ထိုးပေးကြမယ် လို့ သိရပါတယ်။

အဆိုတော် မွန်းအောင်ရဲ့ သတင်းစကားကိုလည်း မိုးမခ ပရိသတ် အတွက် ထပ်ဆင့် ပါးလိုက်ပါတယ်။

ငြိမ်းချမ်းရေးမိုးစက်များ®

လေးစားချစ်ခင်ရသော ပရိတ်သတ်ကြီးခင်ဗျာ။
ငြိမ်းချမ်းရေးမိုးစက်များလို့ အမည်ရတဲ့တေးစုသစ်ကို
ဒီဇင်ဘာလ ၁၀ ရက် ( ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ )
စတင်ဖြန်ချီမှာဖြစ်ပါတယ်။
ဒီတေးစုထဲမှာ စုစုပေါင်း သီချင်း ၁၂ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။
တေးရေးသူများကတော့ ကိုရဲလွင် ကိုနေဝင်း ကိုအောင်ဝင်း
ကိုD ချစ်မျိုးနဲ့ကျနော့်သီချင်းတပုဒ်အပါအဝင်ဖြစ်ပါတယ်။
တေးဂီတကတော့ THE RHYTHM ဖြစ်ပါတယ်။
ဒီတေးစုကို မာစတာ တေးသံသွင်းမှ တပြည်လုံးသို့ဖြန့်ချိမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မနက် ၁၀ နာရီအချိန်မှစပြီး ညနေ ၅ နာရီထိ
ဆူးလေဘုရားလမ်း East Hotel အောက်ထပ်မှာကျနော်နှင့်အတူ
ဒီတေးစုမှာပါဝင်သော ဂီတပညာရှင်များက
အမှတ်တရလက်မှတ်ရေးထိုးရောင်းချပေးမှာ ဖြစ်တဲ့အတွက် လာရောက်အားပေးကြစေလိုပါတယ်ခင်ဗျား။
ဂီတနှလုံးသားဖြင့်


မွန်းအောင်


. . . . . . . . . . . . . . . . . .

မွန်းအောင် - ငြိမ်းချမ်းရေးမိုးစက်များ®
တေးရေး
ကိုရဲလွင်
ကိုနေဝင်း
ကိုအောင်ဝင်း
ကိုD ချစ်မျိုး
ကိုမွန်းအောင်
တေးဂီတ - THE RHYTHM
ဖြန့်ချီ - မာစတာ တေးသံသွင်း
CD C Cover Design - နေမျိုးဆေး
©Swe Swe Nyunt

၁။ အလင်းနေ့ (ကိုနေ၀င်း)
၂။ ငြိမ်းချမ်းရေးမိုးစက်များ(ကိုနေ၀င်း)
၃။ ထင်းခွေမကြုံရေခပ်ကြုံမယ်(ကိုနေ၀င်း)
၎။ ယုံ (သံစဉ် - ကိုရဲလွင် ၊ စာသား - ကိုအောင်ဝင်း )
၅။ မဆုံးတဲ့ခရီးသို့ ရှေ့ ခြေတလှမ်း(ကိုနေ၀င်း)
၆။ ဒို့ပြန်လာမယ် (ကိုမွန်းအောင်)
၈။ Share My Love, Peace and Harmony (ကိုရဲလွင်)
၉။ မဖူးဖြစ်တဲ့ဘုရားမှာတောင်းမိတဲ့ဆု(ကိုနေ၀င်း)
၁၀။ ညရဲ့သမီးတော်(သံစဉ် - ကိုရဲလွင် ၊ စာသား - ကိုအောင်ဝင်း )
၁၁။ ပန်းရဲ့လမ်း (သံစဉ်- ကိုရဲလွင် ၊ စာသား - ကိုD ချစ်မျိုး )
၁၂။ သမိုင်းည(ကိုနေ၀င်း)