ဇာနီကြီး ● ဖွံဖြိုးရေး သုံးသပ်ချက် (၃) ခု

ဇာနီကြီး ● ဖွံဖြိုးရေး သုံးသပ်ချက် (၃) ခု
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၆

● ချေးငွေ
ပိုလန်နိုင်ငံထုတ် မီးသတ်ကား အစီးပေါင်း ၆၀ ကျော် ဝယ်ယူဖို့ ယူရို သန်း ၅၀ (ကျပ် ဘီလျံ ၅၀ ကျော်) အတွက် လွှတ်တော် ကိုယ်စားလှယ်များစွာကဆွေးနွေးပြီးနောက် ပြည်ထဲရေးဒုဝန်ကြီးက အသေးစိတ်ပြန်လည်ရှင်းလင်းပြီး စီမံဘဏ္ဍာ ဒုဝန်ကြီး ကလဲ ထောက်ခံရှင်းလင်းပါတယ်။ ပြည်ထောင်စုလွှတ်တော်က ချေးယူဖို့ အတည်ပြုလိုက်ပါတယ်။

ပြည်တဲရေးဌာနအတွက် မကွေးတိုင်းက ဦးလှဆန်း အကြံပြုမေးမြန်းတဲ့ Maintenance ပြုပြင်ထိန်းသိမ်းရေးက အလွန်အ ရေးကြီးလှကြောင်း အရာရှိသင်တန်းသား ၂၁ ဦး စေလွှတ်ပြီး ထိုသူများကတဆင့် ကားတစီး သင်တန်းသား ၃ ဦးစီ ကျွမ်း ကျင်သူများကို မွေးထုတ်မယ်လို့ ပြောပါတယ်။

* ချေးငွေ စီမံခန့်ခွဲရေးကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့များသာမက တီဗွီလွှတ်တော်ချနယ်မှ အကြိမ်ကြိမ် လွှင့်ထုတ်ပေးခြင်းက အစိုးရဝန်ထမ်းများနဲ့ ပြည်သူလူထု ပညာပေးခြင်းဖြစ်ပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက်များက တဆင့် နိုင်ငံတွင်းသာမက ပြည်ပရောက် ၁၀% မြန်မာ ၅ သန်းအတွက်ပါ အကျိုးသက်ရောက်ပါတယ်။

ဘာကြောင့် ချေးငွေစီမံခြင်း အရေးကြီးသလဲဆိုတော့ အခြေခံလုပ်သား မြန်နိုင်ငံသား အားလုံးနီးပါး အကြွေးများ ငွေတိုးများနဲ့ လုံးခြာရိုက်နေသူများ အများစုဖြစ်ပါတယ်။ အစိုးရခေါင်းဆာင်များက ဦဆောင်ပြပြီး လူထုက နောက်လိုက်ကောင်း ဖြစ်လာမှု နဲ့ အောင်မြင်မှာပါ။

* ဘတ်ဂျတ်တွေ ဇီးသီးဗန်းမှောက်မှောက်ကြတယ်။ အခွန်ငွေတွေ မိမိအိတ်ထဲထည့်ကြတယ်။ ကမ္ဘာ့ လာဘ်အစားဆုံးနိုင်ငံ အဖြစ် Transperational Intl အဖွဲ့က ၂၀၁၀ မှာ ရမှတ် ၁၈ မှတ်နဲ့ သတ်မှတ်ခံရပါတယ်။ အခု ၂၀၁၅ မှာ ရမှတ် ၂၂ မှတ် တိုးတက်လာဘ်ါပြီ။ လာဘ်မစားဆုံး နိုင်ငံတခု စင်ကာပူက ၈၅ မှတ်ကတော့ မှီဖို့ခက်ပေမဲ့ ထိုင်းနိုင်ငံ ၃၈ မှတ်ကိုတော့ ၁၀ နှစ်အတွင်း မှီနိုင်ပါတယ်။ မြန်မာခေါင်းဆောင်များက ထိုင်းနိုင်ငံတိုးတက်တာလက်ခံပေမဲ့ လာဘ်စားမှုများလို့ စင်ကာပူ နိုင်ငံကို အားကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာတိုင်း ၂၀၁၃ နဲ့  ၂၀၁၆ တွေမှာ လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ ကို အထူးလေ့လာ အကူညီယူနေပါတယ်။
https://en.m.wikipedia.org/wiki/Corruption_Perceptions_Index

* ရင်းနှီမြှုတ်နှံမှုတွေ လိုင်စင်ပါမစ်တွေ ချပေးခဲ့ပါတယ်။ ပုဂ္ဂလိကစီမံကိန်းကြီးများ အထူးသဖြင့် အရက် ဆေးလိပ် စက်ရုံ များစွာ ခွင့်ပြုခဲ့သလို သယံဇာတ ဓါတ်ငွေ့ ကျောက်စိမ်း ကျွန်းသစ် ရေအားလျှပ်စစ် ကြေးနီ သတ္တုများတို့အပြင် စိုက်ပျိုးရေး ဆိုပြီး မြေယာတောတောင်များ ရယူကြပါတယ်။ နောက်ဆုံး အိမ်ဖော်အဖြစ်ပါ လူကုန်ကူးသလို ပြည်ပအလုပ်ကိုင်ရှာဖွေရေး လက်တလုံးခြား လုပ်ခွင့်ပေးနေပါတယ်။ ယခုအစိုးရသစ်က ပြုပြင်ပြောင်းလဲနေပါတယ်။

* ဌာနဆိုင်ရာ အရာရှိငယ်အချို့က မပြောင်းလဲသေးပေမဲ့ ဝန်ကြီးများလာဘ်မစားတာ ကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောပါတယ်။ လွှတ်တော်မှာ အမတ်များမေးခွန်းတွေကို ဝန်ကြီးများက အကောင်းဆုံးဖြေကြပေမဲ့ အရာရှိငယ်များ လာဘ်စားမှု ဥပဒေလက်တလုံးခြားများကို မရှင်းနိုင်တော့ ကာကွယ်ထားသလို ဖြေကြားနေရပါတယ်။

ချေးငွေစိစစ်ရေး အဆင့် (၃) ခု။

၁။ ဌာနဆိုင်ရာများ
စက်ပစ္စည်းအင်ဂျင်နီယာ/နည်းပညာ


တစီးကို ကျပ်သိန်း ၁၂၀၀၀ တန်တဲ့ မီးသတ်ကားကြီးတွေ မြန်မာနိုင်ငံအတွက် သင့်လျော်ပါသလား။ လက်ရှိ မီးသတ်ကားတွေ က အရည်ချင်း မလုံလောက်တာလား။ အထူးသဖြင့် ကိုင်တွယ်မဲ့ မီးသတ်ကားမောင်းသူ အရည်အချင်းက လစာဘယ်လောက် ပေးမှာလဲ စသဖြင့် Industrial Engineering IE အင်ဂျင်နီယာအလုပ်ဖြစ်ပါတယ်။

* ဒါလောက်တန်ဖိုးကြီးတဲ့ မီးသတ်ကားများကို အကျိုးရှိစွာသုံးနိုင်ဖို့ ပြုပြင်ထိန်းသိမ်းစရိတ် အနည်းဆုံး 5 % လောက်တော့ နှစ်စဉ်သုံးရမှာပါ။

* ပြီးတော့ စက်ပစ္စည်းဆိုတာ ဘယ်လောက်ကောင်းကောင်း ထိန်းသိမ်းပါစေ။ ၁၀ နှစ်လောက်ပဲ သုံးရတယ်။ အသစ်ပေါ် လာတာ ဝယ်ရပါတယ်။

ဒါကတော့ စက်ပစ္စည်း စက်ရုံများအတွက် နည်းပညာဆိုင်ရာ အကျိုးအမြက်ထက် မလိုအပ်ပဲ မဆုံးရှုံးဖို့ သုံးသပ်ချက်ကို ဌာနဆိုင်ရာက လုပ်ပေးရပါတယ်။ မြန်မာနိုင်ငံမှာ အကြွေးနဲ့ ဝယ်ပြီး ၃ နှစ်မကြာခင်မှာ ပျက်စီးသွားတဲ့ အင်ဂျင်နီယာစက် ပစ္စည်း စက်ရုံများစွာရှိပါတယ်။ အထူးသဖြင့် တရုတ်ဝိသမများနဲ့ မြန်မာအာဏာပိုင်များ ဝယ်ယူခဲ့လို့ တရုတ်ကို စိတ်နာစရာ မရှိပါ။ အဂတိကာကွယ်ရေးစနစ် မခိုင်မာရင် အမေရိကန် ဂျာမဏီ ဂျပန် ကုမ္မဏီတွေ အားလုံးကလည်း အဂတိလိုက် စားမှာပဲ ဖြစ်ပါတယ်။

၂။ စီမံဘဏ္ဍာ Grant Element
အကျိုးသက်ရောက်မှု စိစစ်ခြင်း


စီမံဘဏ္ဍာ ဒုဝန်ကြီးရှင်းလင်း ထောက်ခံချက်မှာ Grant Element ဇယားကိုတင်ပြပါတယ်။ JICA (ဂျပန်), World Bank (အမေရိကန်), IMF (ဥရောပ) စတဲ့ အဖွဲအစည်းများရဲ့ လက်ရှိ ဖွံ့ဖြိုးမှုအကူညီအကျိုးသက်ရောက်မှု ရာနှုန်းတွက်ချက်ခြင်းပါ။ ၅၀ ရာခိုင်နှုန်းအထက်ဆို ချေးငွေ အကျိုးရှိတယ်ဆိုပြီး စီမံဘဏ္ဍာဝန်ကြီးဌာနက ထောက်ခံတင်ပြပါတယ်။ JICA 59%, WorldBank 57%, AsiaBank 53% စသဖြင့် အခု ပိုလန်ချေးငွေကတော့  79% နဲ့ အကောင်းဆုံးတွက်ချက်ပြပြီး ထောက် ခံထားပါတယ်။

* ဂရန့်အဲလိမင့် အကျိုးသက်ရောက်မှုရာနှုန်း တွက်ချက်မှု စိတ်ဝင်စားသူများ ဖတ်ရန်လင့်။
https://ida.worldbank.org/financ…/grant-element-calculations

* တကယ်တော့ စနစ်မကောင်းလို့ စစ်အစိုးရလက်ထက် ချေးငွေအတိုးအရင်း လစဉ်မပေးနိုင်တော့လို့ ၁၉၈၇ မှာ ဒေဝါလီခံရ တယ်။ ၁၉၈၈ အရေးခင်းဖြစ်ပြီး နိုင်ငံတကာ ချေးငွေမရတော့ ဆင်းရဲရုံမက မွဲတေသွားတာတယ်။ ၂၀၁၃ သမ္မတဦးသိန်းစိန် လက်ထက် ဂျပန်အကူညီနဲ့ ချေးငွေ ပြန်ရလာပါတယ်။

* ချေးငွေ ဘယ်လိုယူမယ် ဘယ်လိုအကျိုးရှိအောင်လုပ်မယ်ဆိုတာ ခေါင်းဆောင်ကောင်း စနစ်ကောင်းဖို့ တနည်း အဂတိ နည်းပါးဖို့ အလွန်အရေးကြီးပါတယ်။

၃။ ဖွံဖြိုးမှုအကူညီညှိနှိုင်းမှုအဖွဲ့. .
ဒေါ်အောင်ဆန်းစုကြည် DACU အဖွဲ့

အထက်ပါ အချက်၂ ချက်နဲ့ အရင်အစိုးရလက်ထက် ချေးငွေယူခဲ့ပေမဲ့ ချေးလို့ရတာအကုန်ယူ နောင်ခါလာနောင်ဈေးဆိုပြီး ချေးကြပါတယ်။ ပုဂ္ဂလိကကို ချေးတာထက် အစိုးရကိုပဲချေးချင်ကြပါတယ်။ ပြန်ရမှာသေချာတဲ့အပြင် မိမိပစ္စည်းနဲ့ လုပ်အား ကို ပြန်ရ အမြတ်ထွက်မှာ သေချာလို့ ချေးချင်ကြပါတယ်။ ဈေးကွက်မှာ ရောင်းမစွံတဲ့/အသုံးသိပ်မတည့်တဲ့ စက်ပစ္စည်းတွေ ကို ရောင်းချလို့ ဗီယက်နမ်အစိုးရက အမေရိကန် ဝိသမကုမ္ပဏီများဒဏ် အတော်ခံခဲ့ရပါတယ်။ ချေးသင့် မသင့် / ရင်းနှီးမြှုတ် နှံမှုများဖိတ်ခေါ်ရေးကို ညှိနှိုင်းမှုအဖွဲ့က ထိရောက်စွာလုပ်ဖို့ ဖြစ်ပါတယ်။

* အရင်အစိုးရလည်းအ ချေးငွေစီစစ်မှုကို ခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌနဲ့ ဝန်ကြီးများနဲ့ ပညာရှင်များပါဝင်တဲ့ ဖွံဖြိုးမှုအကူညီညှိနှိုင်းမှုအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် DACU အဖွဲ့ကို ၂၀၁၆ အောက်တိုဘာလ စတင်ဖွဲ့စည်းပြီး ဒီဇင်ဘာလ မှာ ကုမ္မဏီကြီးများကို ခေါ်ယူတွေ့ဆုံပြီးပါပြီ။

● နိဂုံး
တပ်မတော်ကိုယ်စားပြု ဝန်ကြီးဌာန ၃ ခုမှာ ဝန်ကြီး စစ်ဗိုလ်ချုပ်ကြီးများကလည်း အဂတိနည်းအောင် အထူးလုပ်ဆောင်နေ တာကို အားရစရာဖြစ်ပါတယ်။

ဒီအဖွဲ့စည်းသစ်ကတော့ ချေးငွေများဖွံ့ဖြိုးမှုရလဒ်နဲ့ အစိုးရဌာနဆိုင်ရာစီမံကိန်းများကို အဂတိနည်းပါးအောင် ထိန်းချုပ်ပေးဖို့ မျှော်လင့်ပါတယ်။

ဇာနီကြီး
၂၂ ဒီဇင်ဘာ ၂၀၁၆