စိုးနေလင်း ● တက်ရဲ့အကွေ့


စိုးနေလင်း ● တက်ရဲ့အကွေ့
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၇

မြင်နေကျ ကြားနေကျ မဟုတ်
အနှေးရုပ်ရှင်ရိုက်ကွက်တခုလို တဖြည်းဖြည်း
ဈေးကွက်ထဲကို ချပေးလာတဲ့ ကောင်းကင်တစက
ဆိတ်သားရေ တချပ်မျှသာ
ဘယ်မှာကြည့်ကြည့်
ဗင်ဂိုး* ရဲ့အဝါရောင်တွေချည့်။

ဝိလုပ်ဖို့ ဝ မရှိမှတော့
အပေါ့စားဂုဏ်သိက္ခာတပ် ပါးစပ်တို့
ပျို့တက်လာတဲ့ မကောင်းမှုတွေကို မြိုချ
တချို့က မျောက်လိုကျင့်ကြံ
စံတန်ဘိုးများကိုလျှော့ချ နိမ့်ပါးစေလို့
မြစ်ကြောင်းတွေကို ဆို့ပိတ်ဖို့ကြိုးစားကြ။

အဲဒီဘယာနက ညထဲ
ခြောက်အိပ်မက်တို့ လွှမ်းမိုးနေဆဲ
သွန်ချနေတဲ့ ရေတွေလည်း
သဲပြင်ထဲမနည်းတော့။         ။

*ကမ္ဘာကျော် ပန်းချီဆရာကြီး Vincent Van Gogh