ထွန်းဝင်းငြိမ်း ● အင်အားကြီးသူက သဘောထားကြီးမှ ငြိမ်းချမ်းရေးနဲ့ နီးပါမယ်


ထွန်းဝင်းငြိမ်း ● အင်အားကြီးသူက သဘောထားကြီးမှ ငြိမ်းချမ်းရေးနဲ့ နီးပါမယ်
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၇

“လောဘနဲ့ ဒေါသကို အောင်နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိစရာအကြောင်း ဘာ မှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါဘဲ။ လောဘ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကို မလိုလားတဲ့စိတ်၊ မုန်းတီး တဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီစိတ်နှစ်ခုကြောင့် ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရခဲ့တာ ဖြစ်ပါတယ်။ ဒီစိတ်နှစ်ခုသာ ပျောက်ကွယ် သွားမယ်ဆိုရင်၊ လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အများကြီးလျော့ကျသွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အောင်မြင်မယ်ဆိုတာ ကျွန်မလုံးဝယုံကြည်ပါတယ်။”

၂၀၁၇ ခု နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းဖြစ်ပါတယ်။

● အလွန်ယေဘုယျဆန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းမှာ လောဘနဲ့ဒေါသကို လုံးဝပျောက်ကွယ်သွားအောင် ဒါမှမဟုတ် အများကြီး လျော့ကျသွားအောင် ဘယ်လိုကျင့်ကြံဆောင်ရွက်ရမယ်ဆိုတာ ထည့်သွင်းပြောကြားခဲ့တာ မတွေ့ရပါဘူး။ အလွန်ယေဘုယျ ဆန်တဲ့လမ်းညွှန်ချက်က လုပ်ငန်းစဉ်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့ အရမ်းခက်ခဲကြောင်း သုံးသပ်ကြပါတယ်။ အ မျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့ တပ်မတော်ဖက်ကဖြစ်စေ၊ တိုင်းရင်းသားတွေဖက် ကဖြစ် စေ၊ နှစ်ဖက်စလုံးကဖြစ်စေ တောင်းဆိုနေကြတာတွေ၊ မလိုမုန်းတီးတဲ့စိတ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ညှိနှိုင်းကြပါ။ ဘယ်လို လျော့ချကြပါ။ ဘယ်အချက်တွေကတော့ ဘယ်လိုဖြစ်သင့်တယ်ဆိုတာမျိုး လမ်းညွှန်နိုင်ရင်ပိုမိုသင့်တော်မယ်လို့ ယူဆပါတယ်။

● စကားမကျွံအောင်
လက်ရှိနိုင်ငံရေးအသိုင်းအဝိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေကို အကောင် အထည်ဖော်ဖို့ရာ အကဲဖြတ်သုံးသပ်ကြတဲ့အခါ သိပ်ပြီးယေဘုယျဆန်တဲ့ မိန့်ခွန်းတွေအတွက် အင်အားစု အသီးသီးကြားမှာ ဘယ်သူ့အတွက် ဘာပြောနေတယ်ဆိုတာ ခန့်မှန်းရခက်တယ်လို့ မြင်နေကြပါတယ်။ တချို့ကတော့ ဘယ်စကားက ဘာ မက်ဆေ့ဂ်ျ Message ပေးချင်တာဆိုပြီး ဘာသာပြန်ပေးကြပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် စကားမကျွံ အောင် ခေါင်းဆောင်ပီပီ ပညာရှိဆန်ဆန်ပြောကြားတာလို့လည်း အကဲဖြတ်မိပါတယ်။ သေချာတာတခုကတော့ ခေါင်း ဆောင်အများစုရဲ့မိန့်ခွန်းဟာ ရှင်းလင်းပြတ်သားတဲ့မူဝါဒတွေနဲ့ ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို တခါထဲ တွဲပြီးပြောလေ့ရှိတာကို သတိထားမိပါတယ်။ မလိုအပ်ဘဲ စကားလုံးအလှအပ တန်ဆာဆင်မှု နည်းကြပါတယ်။

● သူမနာ ကိုယ်မနာ တရား
ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးတရားကို အမှတ်ရမိသရွေ့ အနည်းငယ်တင်ပြလိုပါတယ်။ ဆရာ ကြီးက ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်တဲ့အခါမှာ တစ်ဦးအပေါ်တစ်ဦး မလိုမုန်းထား အာဃာတ တရား များကိုဖယ်ရှားပြီး သူမနာ ကိုယ်မနာ ကိုယ်ချင်းစာမေတ္တာတရားကို ပွားများကာ မညီမညွတ် မသင့်မတင့် ပဋိပက္ခမှန်သမျှတို့ကို ရပ်စဲကြဖို့ ပြည်သူလူထုကြီးကို ပန်ကြားရာမှာ အခုလို ဖော်ပြတာကို တွေ့ရပါတယ်။

သူမနာကိုယ်မနာ တရားမျှတတဲ့ နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို ရယူနိုင်ခြင်းဟာ ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခမှုအရပ်ရပ်ကို ချုပ်ငြိမ်းသွားစေ ရန် အတွက်သာလျှင် ဖြေဖျောက်နိုင်သည်မဟုတ်ပေ။ သူမနာကိုယ်မနာ တရားမျှတသော သဘောထားဖြင့် အချင်းချင်း အပြန်ပြန် အလှန်လှန် ကူညီရိုင်းပင်းပေါင်းသင်းဆက်ဆံနေထိုင်ကြခြင်းသည်ပင်လျှင် မဖြစ်သေးသော ပဋိပက္ခမှု အရပ်ရပ်ကိုလည်း ကြိုတင်၍ တားဆီးနိုင်ပေသည်။ ဤသဘောတရားအရဆိုလျှင် တစ်ဦး၏အခွင့်အရေးကို တစ်ဦးက အသိအမှတ်ပြုခြင်း၊ လေးစားခြင်းတို့ရှိအပ်၍ ထိုအခွင့်အရေးများနှင့်ပတ်သက်၍ ဝင်ရောက်ကျူးကျော်စွက်ဖက်ခြင်း မရှိအပ် ပေ။ တစ်ဦးနှင့်တစ်ဦး တန်းတူသဘောထား၍ ဆက်ဆံပေါင်းသင်း နေထိုင်ခြင်း သည် ဒီမိုကရေစီ၏အခြေခံ သူမနာ ကိုယ်မ နာ သဘောထားပင်ဖြစ်ပေသည်။ ဤသဘောထားဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ပါတီ နှင့်တစ်ပါတီ၊ တစ်ပြည်နှင့်တစ်ပြည် ဆက်ဆံပေါင်းသင်း သွားကြမည်ဆိုပါက ထာဝစဉ်ငြိမ်းချမ်းရေးကို ရရှိမည်သာဖြစ် ပေသည်။ ဆိုပြီးတွေ့ရပါတယ်။

● လူထုပါဝင်သော ငြိမ်းချမ်းရေး
ဒါကြောင့်မို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ''သူမနာကိုယ်မနာ တရားမျှတသောသဘောထားသည် ပြည်သူ၏အကျိုးကို အခြေခံ၍ ပြည်သူ၏ဆန္ဒဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်မည့်သဘောထား ဖြစ်သည်'' ဆိုပြီး အခုလို တင်ပြခဲ့တာ ဖြစ်ပါ တယ်။

ငြိမ်းချမ်းမှုမရှိခြင်းသည် ပြည်သူ၏အကျိုးကို အများဆုံး ထိခိုက်နစ်နာစေသည်။ ထို့ကြောင့် ငြိမ်းချမ်းမှုတည်ဆောက်ခြင်းသည် ပြည်သူ၏အသည်းစွဲ အကြီးမားဆုံးဆန္ဒဖြစ်သည်။ ယင်းအကြောင်းကြောင့် ပြည်သူ၏ဆန္ဒကို ဆန့်ကျင်သွေဖည်သော ငြိမ်း ချမ်းရေး၊ ပြည်သူ၏အကျိုးကို ပျက်စီးစေမည့် ငြိမ်းချမ်းရေးဟူ၍မရှိနိုင်ပေ။ ပြည်သူတစ်ရပ်လုံးသည် ငြိမ်းချမ်းမှုကို တည် ဆောက်ရာတွင် ကာယကံရှင်နှစ်ဦး နှစ်ဖက်ကိုသာ သူမနာကိုယ်မနာ တရားမျှတသောနည်းဖြင့် ငြိမ်းချမ်းရေးကို အရယူ စေရန်အတွက် ဆန္ဒပေးထောက်ခံကြခြင်းသာမက မိမိတို့အတွင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လူထုလူတန်းစား၊ လူမျိုးစု အင်အားစုအချင်းချင်းအတွင်း၌ပင်လျှင် သူမနာကိုယ်မနာတရားမျှတသောနည်းလမ်းဖြင့် အပြန်ပြန်အလှန်လှန် ကူညီရိုင်းပင်း ဆက်ဆံပေါင်းသင်းနေထိုင်ကြမှလည်း အခြေအမြစ်မှစ၍ လူထုကိုယ်၌က ပါဝင်တည်ဆောက်သော ငြိမ်းချမ်း ရေးဖြစ်ပေမည်။

တစ်နည်းဆိုရရင် ပြည်သူ၏ ဆန္ဒမပါရှိလျှင် ငြိမ်းချမ်းရေးသည် အချည်းနှီးပင်ဖြစ်သွားဖွယ်ရာ ရှိသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုး ပမ်းရာတွင် ပြည်သူသာလျှင် အဓိက၊ ပြည်သူသာလျှင် မဏ္ဍိုင်၊ ပြည်သူသာလျှင် အုတ်မြစ်၊ ပြည်သူသာလျှင် ဗိသုကာဖြစ်ကြောင်း ဖေါ်ပြထားတာတွေ့ ရပါတယ်။ အနှစ်ချုပ်အားဖြင့် သူမနာကိုယ်မနာတရားမျှတတဲ့ ငြိမ်းချမ်းရေးသဘော ထားဆိုတာဟာ ကိုယ်ချင်းစာ မေတ္တာတရားဖြစ်ပါတယ်။ ပဋိပက္ခကို ဖြေဖျောက်နိုင်ရုံသာမက တားလည်းတားဆီးနိုင်ပါ တယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဖြောင့်မတ်စေခြင်း၊ ကျေနပ်မှု ရှိစေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ အတိတ်ကို နောက်ကွယ်ပြုကာ၊ ပစ္စုပ္ပန်ဒုက္ခကို ချုပ်ငြိမ်းစေပြီး အနာဂတ်ရဲ့ အကျိုးကိုလည်း ရှေးရှုနိုင်ပါတယ်။ ပြည်သူရဲ့အကျိုးကို အခြေခံတဲ့အတွက် ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတယ်လို့ ဆိုနိုင်ပါတယ်။

● လွန်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
လွန်ခဲ့တဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ အနှစ်သာရကတော့ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ သွေးစည်းညီညွတ်မှုကို ဖြိုခွဲ ရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့် ဖျားရေးတွေပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကို မစားရ ဝခမန်း ကိန်းဂဏန်းတွေ နဲ့ မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာကြီးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ လက်တွေ့မှာတော့ တိုင်းရင်း သားဒေသတွေမှာ ပြည်တွင်းစစ်မီးအရှိန်ပြင်းစွာ ဆက်လက်တောက်လောင်နေပြီး ဒေသအသီးသီးမှာလည်း ငွေကြေးဖောင်း ပွမူ၊ ကုန်ဈေးနှုံးကြီးမြင့်လာမှု၊ ရာဇဝတ်မှုများ တိုးတက်များပြားလာမှု၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ချုပ်ချယ်ဟန့်တားမှုများရှိလာခြင်းနဲ့ ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်ခံရကာ ပြည်သူလူထုဟာ ကျီးလန့်စာစားနေရပြီး ဆင်းရဲတွင်းထဲက ရုန်း မထွက်နိုင်တဲ့ဘဝမှာ ဝဲလည်နေရပါတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန် စစ်တပိုင်းအစိုးရကို ပြည်သူလူထုက မထောက် ခံဘဲ အာဏာ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

● အမွေဆက်ခံထားရ
ဒါကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးဟာ အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေးဆိုတဲ့ လိုအင်ဆန္ဒတွေ ပြင်းပြစွာနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ "ပြောင်းလဲချိန်တန်ပြီ” ဆိုပြီး ကြွေး ကြော်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် မဲပေးထောက်ခံခဲ့ကြတာလည်းဖြစ်ပါတယ်။ လက်ရှိ NLD ဦး ဆောင်တဲ့ အစိုးရသစ်ဟာ အားလုံးပါဝင်မှုမရှိတဲ့ တနိုင်ငံလုံးအတိုင်းအတာမဆောင်တဲ့ NCA ကို အမွေဆက်ခံထားရတာ ဖြစ်ပါတယ်။ NCA မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းအချို့ကို ချန်လှပ်ထားခြင်းနဲ့ နောက်ဆက်တွဲ အဖြစ် တိုင်းပြည်အတွက် ပြဿနာပိုမိုတိုးပွားရေးကိုသာ ဦးတည်စေတဲ့ နိုင်ငံရေးလမ်းပြမြေပုံကိုလည်း NLD အစိုးရက အမွေဆက်ခံထားရတာဖြစ်ပါတယ်။ အဲဒီလို မှားယွင်းတဲ့မူတွေကို မှန်ကန်အောင်တည့်မတ်ဖို့ အစိုးရမှာ တာဝန် ရှိနေတယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ တနိုင်ငံလုံးငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့ ပူးပေါင်းပါဝင် ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။

● မူ ၉ ချက်နဲ့ အဖြေရှာ
၂၀၁၅ ခုနှစ် အောက်တိုဘာမှာ သမ္မတဦးသိန်းစိန်အစိုးရက ရွေးကောက်ပွဲကို အကြောင်းပြုပြီး အမြန်လက်မှတ်ထိုးရေးကိုသာ ဖိအားပေး ဆောင်ရွက်ခဲ့ပါတယ်။ ပါဝင်ပတ်သက်သူတွေအားလုံး ပါဝင်ညှိနှိုင်းအဖြေရှာရေးကို ရည်ရွယ်ချက်ရှိရှိ လစ်လျူ ရှုခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေးဆွေးနွေး ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းအားလုံးပါဝင်ရမည့်အစား အဖွဲ့အစည်း အချို့ကို ချန်လှပ်ခဲ့တာကိုတွေ့ရပါတယ်။ တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၂၀ ကျော်ရှိပေမယ့် ၈ ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာလည်း တနိုင်ငံလုံး အတိုင်းအတာ မဆောင်ခဲ့ပါဘူး။ ထိုနည်းတူစွာ NCA ပါ နိုင်ငံရေး လမ်းပြမြေပုံ အဆင့်ဆင့်အရ နိုင်ငံရေးမူဘောင် မူကြမ်းဆွဲခြင်း၊ အတည်ပြုခြင်းတွေမှာလည်း တနိုင်ငံလုံးအတိုင်း အတာ မဆောင်သလို အားလုံးပါဝင်မှုလည်း မရှိခဲ့ပါ။ အဆင့်တစ်ဆင့်ချင်းစီကို ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်မှုရှိရှိဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမရှိပဲ လမ်းပြမြေပုံရဲ့ အဆင့် ၄ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံကို လာမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ နောက်ထပ်တစ်ကြိမ် ကျင်းပဖို့ စီစဉ်လုပ်ဆောင်နေတာဟာ NCA နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေပါတယ်။

တတိယအဆင့်အဖြစ် အခုလုပ်ဆောင်နေကြတဲ့ အမျိုးသားအဆင့်နိုင်ငံရေးေ ဆွးနွေးပွဲဆိုတာလည်း NCA နဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်ကို ထိခိုက်စေတယ်လို့ ပြောစရာဖြစ်နေပါတယ်။ ဒါကြောင့်မို့ NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် NCA ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်စရာ အခြေခံအကြောင်းတရားတွေ ရှိလာပါတယ်။ ဒါပေမယ့် တပ်မတော်အနေနဲ့ NCA ပြန်လည် သုံးသပ်မှုကို လက်မခံတဲ့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု အဆင်ပြေချောမွေ့စေဖို့ သူတို့ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ NCA ကို လက်မှတ်ရေး ထိုးနိုင်ရေး အဆိုပြုမူ ၉ ချက်နဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနေတာ ကို တွေ့ရပါတယ်။

● မလွှဲမရှောင်သာ ရင်ဆိုင်ရ ဆိုပဲ
လွတ်လပ်ရေးနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နဲ့လက်မှတ် ဂုဏ် ပြုချီးမြှင့်ပွဲမှာ ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲဖြစ် သည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတချို့က ခေါင်းဆောင်လုပ်သူများသည် ဒီမိုကရေစီဖော်ဆောင်ရာတွင် ငြိမ်း ချမ်းစွာဆောင်ရွက်ရမည့်အစား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ထိပါးမှုများ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အဖျက်လုပ်ငန်းနှင့် ထိပါးလာမှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ် အားနည်းနေခြင်းကြောင့် မလွှဲမ ရှောင်သာဘဲ စစ်ရေးအရရင်ဆိုင်ဖြေရှင်းရမှုများ ရှိနေဆဲဖြစ်ကြောင်း၊” ဆိုပြီး ပြစ်တင်ပြောဆိုတာတွေ့ရ ပါတယ်။ ဆက်လက် ပြီး အစွန်းရောက်နေသူေ တွ ခေါင်းေ ဆာင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မင်းမဲ့ စရိုက် ဆန်ဆန်လုပ်ရပ်တွေကို ဟန့်တားပြီး တပ်မတော်က တရားသောစစ်ဆင်နွှဲနေ တာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

● အကြမ်းဖက်သောင်းကျန်းသူတဲ့
ကာချုပ်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက်သမားတွေလို့ နာမည်တပ်ပေးဖို့ နိုင်ငံလုံးအဆင့်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ရှုံးနိမ့်ခဲ့တဲ့ အသုံးအနှုန်းတခုကို နှစ်သစ်ကူးရက်မှာ အခွင့် ကောင်းယူပြီး အားပါးတရ ထည့်သွင်းပြောကြား ချက်တရပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အကြမ်းဖက်သောင်းကျန်းသူ စကားလုံးကို နိုင်ငံတော်အဆင့်လွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးကနေတဆင့် အတည်ပြုဖို့ ကြိုးစား ပါတယ်။ လွှတ်တော်က လက်မခံတော့ အဆိုရှုံးပါတယ်။ အဲဒါကို မကျေနပ်တော့ ကြံ့ခိုင်ရေးပါတီ အရေအတွက် အသာ စီးရထားတဲ့ တခုတည်းသော ပြည်နယ်လွှတ်တော်ဖြစ်တဲ့ ရှမ်းပြည်နယ်လွှတ်တော်ကနေ အတည်ပြုခဲ့ပါတယ်။

● တံဆိပ်ကပ်
တကယ်တော့ ကာချုပ်ဟာ ပြည်ထောင်စုအဆင့်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ့် နိုင်ငံ့အကြီးအကဲ တစ်ယောက်ပါပဲ။ ဒါကိုသိလျက်နဲ့ အခုလို ထပ်မံသုံးနှုန်းလိုက်တာဟာ လွှတ်တော်ကို မထီမဲ့မြင်ပြုတဲ့ သဘောသက်ရောက် ပါတယ်။ လွှတ်တော် အထက်မှာ ကာကွယ်ရေး ဦးစီးချုပ်ရှိသလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အခုလို သောင်းကျန်းသူ တံဆိပ်ကပ်တာမျိုးဟာ ဗမာပြည်က ဖောက်ပြန်တဲ့အစိုးရအဆက်ဆက်နဲ့ စစ်အုပ်စုတလျှောက်လုံး လုပ်လာတဲ့ လုပ်ရပ် တခုဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို လက်နက်ကိုင် ခုခံရတဲ့အင်အားစုတွေကို သောင်းကျန်းသူတွေဆိုပြီး တလျှောက်လုံးေ ခ်ါလာ ခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ကမ္ဘာမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေး ခေတ်စားလာတော့ တလျှောက်လုံး ခေါ်ဝေါ်လာတဲ့ ပြည်တွင်းသောင်းကျန်းသူဆိုတာရဲ့ရှေ့မှာ အကြမ်းဖက်ဆိုတဲ့ စကားလုံးတခု ထည့်သွင်းပေးဖို့ ကြိုးပမ်းလာ တာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

● သဘောထားကြီးဖို့
လက်ရှိအခြေအနေမှာ လက်နက်ကိုင်ခုခံတော်လှန်နေကြရတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ တနိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရ၊ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေး ဘက်တွေဖြစ်တယ် ဆိုတာကို အလေးအနက် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံ ညီလာခံဟာ ပင်လုံစိတ်ဓာတ်ကို အခြေခံတယ်ဆိုရင် ပင်လုံမှာ ထားရှိခဲ့ကြတဲ့ ပြည်ထောင်စုအမြုတေ ကတိက၀တ်တွေနဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို မျက်ကွယ်ပြုလို့ မရပါဘူး။ နိုင်ငံမှာ အင်အားအကြီး ဆုံးဖြစ်တဲ့ တပ်မတော်ဘက်က သဘောထားမကြီးဘဲ လောဘနဲ့ ဒေါသတွေကို မလျော့ချ ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ချရေးအတွက် ဖိအားပေးနေတဲ့ ထိုးစစ်ဆင်နေမှုတွေနဲ့ အမြစ်ပြတ်ချေ မှုန်းရေး တိုက်ပွဲတွေကို ဆင်နွှဲနေသမျှ စစ်မှန် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုး သားပြန်လည် သင့်မြတ်ရေးဆိုတာတွေဟာ အလှမ်းဝေးနေဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၁၀၊ ၁၊ ၂၀၁၆
(၂၀၊ ၁၊ ၂၀၁၇ နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်မှ)