သန့်ဇော်ဦး ● ကျနော့်အတွေး ၂

သန့်ဇော်ဦး ● ကျနော့်အတွေး ၂
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

(၁)
၂၀၀၂ ခုနှစ်မှာ ပထမဆုံး ဘဏ်လုပ်ငန်းပြိုကွဲမှု (တကယ်တော့ လုပ်ကြံမှု) ဖြစ်ပွားခဲ့တယ်။

နောက်ခံအကြောင်းအရင်းကတော့ လက်နက် အာဏာ ငွေကြေး ၃ ရပ်နဲ့အုပ်ချုပ်နေတဲ့ခေတ်မှာ ဗန်းပြဈေးကွက်စီးပွားရေးဖေါ်ဆောင်ရင်း အရှိန်မထိန်းနိုင်ပဲ ဖွံဖြိုးလွန်းတဲ့ဘဏ်လုပ်ငန်းကြောင့် ငွေကြေး အမြောက်အမြားဟာ ပုဂ္ဂလိကဘဏ်များသို့ရောက်ရှိသွားတယ်။

အစိုးရဘဏ်တွေမှာအပ်နှံမှု အလွန်နည်းပါးသွားခဲ့ပါတယ်။

လက်နက် အာဏာ ငွေကြေး ၃ရပ်မှာ တစ်ခုပြုတ်သွားတဲ့အတွက် အာဏာရှင် အစိုးရအတွက် ပူပန်စရာဖြစ်လာခဲ့တယ်။

အဲ့ဒီအချိန်မှာပဲ အင်အားအကြီးဆုံးဖွံဖြိုးမှုအကောင်းဆုံးဖြစ်နေတဲ့ ဘဏ်တစ်ခုက Private Co အဖြစ်မှ အများပြည်သူနှင့် သက်ဆိုင်သော (Public Co) အဖြစ်ကူးပြောင်းရန်ဆောင်ရွက်ရင်း ဂျာနယ်ကြီးတစ်စောင်နဲ့ အင်တာဗျူးတယ်။

ဘဏ်လုပ်ငန်းရှင်က အကြွားပိုရင်းဖြေလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဘဏ်တွေ လုပ်ကြံခံခဲ့ရတာပါပဲ။

သူဖြေလိုက်တာက ဘယ်တန်ခိုးရှင် ဘယ်ပညာရှင်မသိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးလည်ပတ်မှုဟာ သူ့ဘဏ်မှာ ၃ ပုံ ၂ ပုံ ရှိတယ်ဆိုတာပါပဲ။

အတွက်အချက်ကောင်းလွန်း ဝန်တိုစိတ်များလွန်းလှတဲ့အာဏာရှင်ဟာ ဘဏ်လုပ်ငန်း တစ်ခန်းရပ်ဖို့ စတင်လုပ်ဆောင် ခဲ့တာပေါ့။

ကျည်းမြောင်းတဲ့ လူမျိုးရေးဝါဒ လက်ကိုင်ထားတဲ့အာဏာရှင်ဟာ ဘဏ် ၃ ဘဏ်ကို အဓမ္မဖျက်သိမ်းခဲ့တယ်။

ဒီလိုနဲ့ ဘဏ်လုပ်ငန်း အရှိန်အဟုန်ကျပြီး စီးပွားရေးကျဆင်းလာခဲ့တယ်။
ငွေကြေးလည်ပတ်မှုနှေးတဲ့ အချိုးအတိုင်း စီးပွားရေးကျဆင်းလာတယ်။
အာဏာပိုင်တွေရဲ့ ၏လုပ်ငန်းတွေလည်း အချိုးကျ ကျဆင်းလာတယ်။

၂၀၁၀ မေလကစပြီး ဘဏ်လိုင်စင်အသစ်တွေကို အာဏာရှင်အမျိုးထက်ပိုစိတ်ချရတဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကို ချပေးခဲ့တယ်။

မြန်မာလူမျိုးစစ် ဖြစ်မှရတယ်။

အဓိကရည်ရွယ်ချက်ကတော့ သူညွှန်ကြားတဲ့အတိုင်း တသွေမတိမ်း လုပ်ဆောင်မယ့်သူတွေပေါ့။

(၂)
ယိုယွင်းလာတဲ့စီးပွားရေးနဲ့ ကျဆင်းလာတဲ့ကျပ်ငွေတန်ဖိုးတွေကြောင့် နိုင်ငံအကြပ်အတည်းကြုံလာမှာကို ရှောင်ရှားတာ လည်း ပါမည်။ အဲ့ဒီအတွက် အပြောင်းအလဲတစ်ခု မဖြစ်မနေ လုပ်ဆောင်ဖို့လိုလာတယ်။

ဒီတစ်ကြိမ်ပြောင်းလဲမှုက သူ့အာဏာတည်မြဲရေးနဲ့ မြန်မာတွေ အမြစ်တွယ်နေတဲ့စိတ်ဓါတ်ကို အလဲအလှယ်လုပ်ခဲ့တာပါပဲ။
သူ့အတွက်နောက်ဆုံးဖဲတစ်ချပ်ကို အရဲစွန့် လှန်ပြခဲ့တာပါ။

၂၀၁၀မှာ ရွေးကောက်ခြင်းမပြုနိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို အစွမ်းကုန်ကြိုးကိုင်နိုင်အောင် ပြင်ဆင်ဖွဲ့စည်းတယ်။
ဟန်ပြရွေးကောက်ပွဲက ပေါ်လာမယ့် လွှတ်တော်နဲ့အစိုးရကို အသေးစိတ် စီစဉ်တည်ဆောက်တယ်။

ဒါတောင်မှ ရုပ်သေးအစိုးရအာဏာရဲ့ ရာခိုင်နှုန်းတော်တော်များများကို လက်နက်ကိုင်အဖွဲ့အစည်းထဲ ထည့်ထားခဲ့သေး တယ်။

စီးပွားရေးလုပ်ငန်းတွေကို ထင်သလို ခြယ်လှယ်နိုင်ဖို့ သူပိုင်ဘဏ်လို့တောင်ပြောနိုင်မယ့်သူတွေကို ဘဏ်လိုင်စင်ချပေး ခဲ့ တယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးအားလုံးကလည်း သူလက်ထဲမှာပဲလေ။

အစောကတင်ပြခဲ့တဲ့ အာဏာရှင်အဖြစ်တည်မြဲဖို့ လက်နက် အာဏာ ငွေကြေး ပြည့်စုံ သေချာတော့မှ ဟန်ပြရွေးကောက်ပွဲ ကျင်းပပြီ ကန့်လန့်ကာ နောက်ကွယ်ရောက်သွားခဲ့တယ်။

၂၀၁၅ မှာ မြန်မာပြည်သူတွေရဲ့စိတ်ဓါတ်က သူထင်သလိုမဖြစ်ပဲ ခေါင်းဆောင်ကောင်းနောက် ကောက်ပါသွားချိန်မှာတော့ သူ့အတွက် အာဏာဆိုတဲ့ ခံတပ် ပြုတ်ခဲ့ရတယ်။

အဲ့တော့ သူဘာလုပ်မလဲ သေနတ်နဲ့ထောက် ငွေကြေးနဲ့နှောက်ဖို့ စတင်ခဲ့တာပေါ့။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ချက်ခြင်းဝင်မလာနိုင်အောင် ရုပ်သေးအစိုးရလက်ထက်ကထဲက အိမ်ခြံမြေဈေးကို အမြင့်ဆုံးတက် အောက်လုပ်ဆောင်ခဲ့တယ်။

ပြည်သူ့အစိုးရသစ်လက်ထက် ကျပ်ငွေတန်ဖိုးကျဆင်းအောင် ပေါပေါသီသီထုတ်ထားတဲ့ကျပ်ငွေနဲ့ ဒေါ်လာကို မတရားအလဲ အလှယ် လုပ်ခဲ့တယ်။

ဒါတွေအားလုံးဟာ သေချာစီမံထားတဲ့ လက်နက် ငွေကြေး အာဏာ တည်ဆောက်ခြင်းပါပဲ။