ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သျှင်မျိုးငယ် ● အငွေ့ပျံသွားသော ညများ

သျှင်မျိုးငယ် ● အငွေ့ပျံသွားသော ညများ
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၇

မျက်လုံးတွေဖြုတ်ထားလိုက်တယ်
အခုထိ အိပ်လို့မပျော်တဲ့အိပ်ယာတွေဟာ အဆိပ်ပဲ
ကျွန်တော်ရဲ့ညတွေ
အငွေ့ပျံသွားတဲ့အခါ
လိပ်ပြာတွေ မဝဲဘူး
လေပြေလည်း မတိုက်ဘူး
ပြတင်းတံခါးပေါက်ကို ဖွင့်သည်ဖြစ်စေ ပိတ်သည်ဖြစ်စေ
အကြောင်းအရာခိုင်လုံမှ အသက်ရှုမှန်မှာပဲ
တရွေ့ရွေ့ညနေခင်းများအကြောင်း
လတ်လတ်ဆတ်ဆတ် မနက်ခင်းများအကြောင်း
နေ့လယ်ခင်းတွေရဲ့ကျွတ်ဆတ်မှုအတိုင်း
ကျွန်တော်ဟာ ကျွတ်ဆတ်ဆတ်နိုင်လာပြီ
အိပ်မပျော်ဘူးဆိုတော့ ထထိုင်နေမိတယ်
ထထိုင်နေမိတော့ အိပ်လို့မပျော်ဘူး
ဘဝဟာ အိပ်တာနဲ့နိုးတာ သံသရာလည်နေတာပဲ
အိပ်မလား နိုးထမလား
အိပ်မက်ဟာ မသိစိတ်နဲ့ဖွဲ့တည်ထားတဲ့ဘဝပဲ
အိပ်မက်ကဘဝလား
ဘဝကအိပ်မက်လား
အိပ်မက်ဘဝ
ဘဝအိပ်မက်
နေ့ရက်တွေကို ငြီးငွေ့ပြီး ခရီးဆက်နေထိုင်ရ
အိပ်မက်ဆန်ဆန် မျောလွင့်နေတဲ့အခိုက်
ညတွေဟာ အငွေ့ပျံသွားတယ်။    ။

သျှင်မျိုးငယ်