ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းရဲညွှန့်လှိုင် ● ''အမှာ'' ကဗျာစာအုပ်ထွက်ရှိ


မင်းရဲညွှန့်လှိုင် ● ''အမှာ'' ကဗျာစာအုပ်ထွက်ရှိ
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

''အမှာ'' လို့အမည်ပေးထားတဲ့ကဗျာစာအုပ်တစ်အုပ် ထူးထူးခြားခြား ထွက်ရှိလာပါတယ်။

ခေါင်းစဉ်တစ်ခုတည်းကို ကဗျာဆရာ (၅) ဦးကရေးဖွဲ့ထားတဲ့ ကဗျာတိုအပုဒ်ရေ (၅၀) ကို စုစည်းထားတာဖြစ်ပါတယ်။ ကဗျာဆရာများကတော့ အောင်လွန်းမြိုင်၊ မင်းညွန့်လှိုင်၊ ရန်လင်းအောင်၊ နီဇူလိုင်နဲ့ ခက်ဦးတို့ ဖြစ်ကြပါတယ်။

ကဗျာတွေကိုယ်တိုင်က' 'အမှာ'' ဖြစ်နေလို့ အမှာစာမလိုတော့ဘူးလို့ ကဗျာဆရာတွေက ယူဆဟန်တူပါတယ်။ အမှာစာ တော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

၂၀၁၆ ခုနှစ် ဒီဇင်္ဘာလမှာ ပထမအကြိမ်အဖြစ် မြကြိုးကြာစာအုပ်တိုက်က စီစဉ်ထုတ်လုပ်လိုက်တာဖြစ်ပေမယ့် ၂၀၁၇ ခုနှစ် နှစ်သစ်ဦးမှာမှ ဖြန့်ချိတာတွေ့ရပါတယ်။

အုပ်ရေ (၅၀၀) ရိုက်နှိပ်ပြီး တန်ဖိုးကိုတော့ (၁၀၀၀) ကျပ်တိတိ သတ်မှတ်ထားပါတယ်။ မျက်နှာဖုံးပန်းချီကို ကဗျာဆရာမ နီဇူလိုင်က လက်စွမ်းပြရေးခြယ်ထားပါတယ်။    ။