ကမ်လူဝေး ● အနံ့ဆိုးတွေထွက်နေတဲ့ ကဗျာ

 ကမ်လူဝေး ● အနံ့ဆိုးတွေထွက်နေတဲ့ ကဗျာ
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇

စာလုံးတွေ ပေါင်းပေါင်းပြရတာလဲ အမော
ဖန်တရာတေ နိမိတ်ပုံ အဟောင်းတွေ
ရီစရာကောင်းတဲ့ သုံးပြီးသား စကားလုံးတွေ
အဲဒါတွေ စုပေါင်းပြီး
ကဗျာတဲ့ လုပ်ချလိုက်ပုံများ။

စီးဆိုလို့ စီးဆင်းခဲ့ပါတယ်
မြစ်က နောက်ပြန်မစီးဘူးတဲ့
ဘဝကလည်း နောက်ပြန်မလှည့်ဘူးတဲ့ ရှိစေ။

သူတို့ပြတဲ့
ရုပ်ရှင်ကား စီဒီပြားက ထစ်နေ
ထစ်ပြီးရင် ရပ်သွား
ရပ်ပြီး အစက ပြန်ပြန်စ
ဒါဟာ
ရှေ့က ထားခဲ့တဲ့ စက်ကြောင့်လို့ဆိုတယ်။

ပါးစပ်တွေကို ပိတ်လိုက်တော့
တိတ်ဆိတ်ခြင်းထဲမှာ
လေလည်သံဟာ ကျယ်လောင်စွာ
အနံ့ဆိုးပါ ပါလာတယ်။ ။

ကမ်လူဝေး