ဆောင်းလူ ● အမည်မသိများ


ဆောင်းလူ ● အမည်မသိများ
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၆

အမည်မသိတွေများတဲ့ တိုင်းပြည်မှာ
အမည်မသိတာ မဆန်းဘူး ...။

နံနက်ခင်း ခေါင်းကြီးသတင်းကို
အမည်မသိတွေ ခေါင်းခံကြတယ် ...။

နေ့လည်ခင်း သတင်းစကားတွေလည်း
အမည်မသိတွေ ကြီးစိုး
ညနေခင်း လမ်းဘေးစကားဝိုင်းမှာတောင်
အမည်မသိတွေက မင်းမူနေတယ် ...။

အမည်မသိ တိုင်းပြည်မှာ
အမည်မသိ ဥသျှောင်တွေနဲ့
အမည်မသိ သတင်းစကားတွေကြား
အမည်မသိ ပြည်သူတွေမှာ
အမည်မသိ ဒုက္ခတွေကို ခေါင်းခံရင်း
အမည်မသိ ... အမည်မသိ ... အမည်မသိဖြစ်နေကြတယ် ...။

အမည်မသိတွေဟာ
ခေါင်းစဉ်တွေတပ်မရလောက်အောင်ကို
သက်တမ်းရင့် အမည်မသိတာဖြစ်တယ် ....။

ဒီဇင်ဘာ ၁၉၊ ၂၀၁၆
ညနေ ၇း ၁၅ နာရီ