သစ်ခက်သံလွင် - ငြိမ်းချမ်းရေး လူထုကဗျာဆရာ မောင်အောင်ပွင့်ရဲ့ ကဗျာနဲ့ရေးတဲ့ရုပ်ပုံလွှာ


သစ်ခက်သံလွင် - ငြိမ်းချမ်းရေး လူထုကဗျာဆရာ မောင်အောင်ပွင့်ရဲ့ ကဗျာနဲ့ရေးတဲ့ရုပ်ပုံလွှာ
(မိုးမခ၊ သစ်ခက်သံလွင်) ဇန်န၀ါရီ ၂၇၊ ၂၀၁၇


ငြိမ်ချမ်းရေးအတွက် ဘဝကိုပေးဆက်စွန့်လွှတ်ရာမှာ ခိုင်းနှိုင်းရမဲ့ကဗျာဆရာဆရာလို့တောင်ဆိုနိုင်တဲ့ ကဗျာဆရာမောင်အောင်ပွင့်အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ... Burma Storybook မှတ်တမ်းရုပ်ရှင် ကားသစ် (သို့မဟုတ်) ကဗျာတွေနဲ့ ပြောပြထား တဲ့ ခေတ်သစ်မြန်မာ့ယဉ်ကျေးမှု..
-


၂၀၀၁ ခုနှစ်မှာ (အရင်က ဗမာပြည်လို့ခေါ်တဲ့)မြန်မာပြည်ဟာ နှစ်(၅၀)ကြာ အာဏာရှင် အုပ်စိုးမှုအောက် က ရုန်းကန် ထွက်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်က သူ့ဒဏ်ရာတွေကို နောက် (၅)နှစ် ကြာ တဲ့အထိ ကုစားနေရတုန်း။ (Burma Storybook) ဆိုတဲ့ဒီမှတ်တမ်းရုပ်ရှင်က အာဏာရှင်ခေတ်လွန် မြန်မာပြည်ရဲ့ သမိုင်းကို ဒီနိုင်ငံမှာ လူကြိုက်အများဆုံး အနုပညာပုံစံဖြစ်တဲ့ ဗမာကဗျာတွေနဲ့ ပုံဖော်ထားတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ဘဝတလျှောက်လုံး အကျဉ်းထောင်ထဲမှာပဲ နှစ်ရှည်လများ ကုန်လွန်ခဲ့ရ တဲ့ တက်ကြွလှုပ်ရှားသူတယောက်လည်းဖြစ်၊ ကဗျာဆရာတယောက်လည်းဖြစ်တဲ့ ကဗျာ ဆရာမောင်အောင်ပွင့်ရဲ့စာပေလက်ရာတွေအကြောင်းပါ။ ဒါရိုက်တာ ပက်ထ်လုမ် (Petr Lom ) က ပုန်းရှောင်နေရတဲ့ဘဝကနေ သားနဲ့ပြန်လည်ဆုံစည်းရတဲ့အချိန်ထိ မောင်အောင်ပွင့်ရဲ့ဘဝ ဇာတ်လမ်း ကိုပြောပြထားသလို၊ အတိတ်ကချန်ထားခဲ့တဲ့ မတရားမှု အမွေအနှစ်တွေ ဆက်ခံထားရတဲ့ ကမ္ဘာသစ်တခု၊ တိုင်းပြည်တခုရဲ့အကူးအပြောင်းပုံရိပ်ကိုပါ တပါတည်း ချိတ်ဆက် ဖမ်းဆုပ်တင်ပြ ထားပါတယ်။ မနက်ဖန်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နယ်သာလန်နိုင်ငံ၊ ရိုတာဒန်မြို့မှာကျင်းပမယ့်၊ ၄၅ ကြိမ်မြောက်၊ နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ တင်ဆက်ပြသပါမယ်။

ဒါရိုက်တာလုမ်ဟာ အရင်က ရသမှတ်တမ်းရှည် ကား(၄)ကား ရိုက်ဖူးတယ်။ အဲဒါတွေကတော့ ... တရုတ်ပြည်မြောက်ပိုင်းမှာနေတဲ့ ဝေဂါမူဆလင်လူမျိုးတွေအကြောင်းတင်ပြထားတဲ့ (On a Tightrope) ။ အီရန်သမ္မတ Mahmoud Ahmadinejad နဲ့သူ့ပြည်သူတွေ ဆက်ဆံရေးအကြောင်း ရိုက်ပြထားတဲ့ (Letters to the President)။ အီဂျစ်က Tahrir ရင်ပြင် ဆန္ဒပြပွဲအပြီး ၁နှစ်အကြာ၊ အီဂျစ်ပြည်ရဲ့ အခြေအနေကို ရိုက်ကူးတင်ပြထားတဲ့ (Back to the Square)။ အီဂျစ်အမျိုးသမီးငယ် ၄ ဦး အကြောင်းဖော် ကျူးထားတဲ့ (Ana Ana) စတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။


နမူနာကို ကြည့်နိုင်ဖို့.. ....ကလစ်လိုက်ပါဗျား။
-http://www.indiewire.com/…/burma-story-trailer-documentary…