ဇာနည်သွေး (ပလိပ်) ● ထိတ်လန့်ညစွဲများ


ဇာနည်သွေး (ပလိပ်) ● ထိတ်လန့်ညစွဲများ
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

သူခိုးကို ဓါးရိုးမကမ်းမိဖို့
ခွေးမဟောင်လဲ ခေါင်းထောင်ကြည့်ရ
နေ့ နေ့
ည ည

ခွေးနဲ့ သူခိုးဟာ
လရောင်ကွန့်မြူးခြင်းနဲ့
လရောင်ရနံ့ဆွတ်ပျံ့ခြင်းကို
မကြိုက်ပဲ ကြောက်ကြ

ခွေးနဲ့သူခိုးဟာ
မကြိုက်တာချင်းတူသလို
ကြောက်တာချင်းလဲတူရဲ့

တကယ်တော့
သူတို့အချင်းချင်းကလဲ ရန်သူ
အမှောင်ကြိုက်တာချင်းလဲအတူတူ
မှောင်ခိုရန်သူတွေပေါ့

ဒီခေတ်ကြီးထဲ
ကျွန်တော်တို့သက္ကရာဇ်တွေ ထိတ်လန့်ခဲ့ရတာ
အဲ့ဒီခွေးတွေ
အဲ့ဒီသူခိုးတွေ
အဲ့ဒီခွေးသူခိုးတွေကြောင့်ပါ ကမ္ဘာ……။       ။

ဇာနည်သွေး (ပလိပ်)