ခက်သီ - အခါတပါး၌

Photo - YIT


ခက်သီ - အခါတပါး၌
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇


ခွေးကတက်ဟာ ရွှေနန်းတော်လား
ရူးမိုက်မှားစွာ ခမ်းနားဖူးခဲ့။

အခါတပါး၌
ငါကိုယ်၌က
ငါ့အား နှိပ်စက်ကလူပြုလတ္တံ့
လက်ကျန်ခွန်အားတို့ကို
အမှောင်မှန်သမျှသပ်ချပြီး
မြူးထူးသောတေးသံတို့အား
သင်တို့ထံပါးလိုရဲ့။

အခါတပါး၌
ငါဟာ ရှင်ဘုရင်

အခါတပါး၌
ငါဟာ သူဖုန်းစား ။

အခါတပါး၌

အခါတပါး၌

ငါ၏အမြိုက်ဟင်းလျာတို့အား
သင်တို့အတွက်ချန်ထားခဲ့အံ့။

ငါကား
တေးသီလျက်
ဝင်တော့မယ့်နေကို ငေးရင်းနေမယ်ကွယ်။


ခက်သီ