ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်သာချို ● အမည်မဖော်လိုသူ ကိုစိုးမြင့်နှင့် ၇ ရက်သားသမီးများသို့ (မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇

မောင်သာချို ● အမည်မဖော်လိုသူ ကိုစိုးမြင့်နှင့် ၇ ရက်သားသမီးများသို့
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇

(တစ်)
အခုတလော လပွတ္တာမြို့သား ကျွန်တော့်မိတ်ဆွေကြီးတယောက်ကို မကြာခဏဆိုသလို ကျွန်တော် သတိရလျက်ရှိပါ သည်။ ဆိုကြပါစို့၊ သူ့နာမည် ကိုစိုးမြင့်ဟု။

ကိုစိုးမြင့်က သမားရိုးကျ လူ့အဖွဲ့အစည်းနှင့် မကြာခဏဆိုသလို ထိပ်တိုက်တွေ့လေ့ရှိသော လူ့ခွစာတယောက်လည်း ဖြစ်ပါ သည်။ သည်နေရာ၌ သူခွကျပုံတကွက်ကို ကျွန်တော်ကတဆင့် ဖောက်သည်ချလိုပါသည်။ ကျွန်တော်တို့နိုင်ငံ၌ အလှူခံ မဏ္ဍပ်လေးတွေ ဟိုနားတခု၊ ဒီနားတခုနှင့် ရှောင်လို့မလွတ်အောင်ပေါများလှသည်ကို အများအသိပင် ဖြစ်ပါသည်။ လမ်းပြင် ဖို့၊ ကျောင်းပြင်ဖို့၊ ကထိန်ခင်းဖို့၊ အသံမစဲ ပဋ္ဌာန်းရွတ်ဖို့၊ သက်ကြီးပူဇော်ပွဲကျင်းပဖို့၊ ဓမ္မာရုံဆောက်ဖို့ စသည် စသည်ဖြင့် အကြောင်းအရာအမျိုးမျိုး၊ ခေါင်းစဉ်အသီးသီးအောက်ကနေ အသံချဲ့စက်လေးတညံညံနှင့် အလှူခံနေသံများကိုလည်း ကျွန်တော်တို့အကြားပင် ဖြစ်ပါ၏။

သို့ဖြစ်၍ လပွတ္တာဆိုသည်ကလည်း မြန်မာနိုင်ငံထကဲ မြန်မာဆန်သော မြို့ကလေးတမြို့ပဲဖြစ်ရာ သည်လိုအလှူခံတွေနှင့် မကင်းပါ။ ကိုစိုးမြင့်က ပေးကမ်းလှူဒါန်းသည့်ဓလေ့ကို မမုန်းပါ။ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း မဆန့်ကျင်ပါ။ သို့သော် ပေးလှူ ကြသူအချို့က ကိုယ်ရည်သွေးနေကြပုံတွေကိုကား မြင်ပြင်းကပ်ဟန်တူပါသည်။ အထူးသဖြင့် သူ့ရပ်ကွက်ထိပ် အလှူခံ မဏ္ဍပ်တွင် ဝင်ဝင်လှူသွားကြသည့် အလှူရှင်များ။

“ဟုတ်ကဲ့ခင်ဗျာ၊ ဆားဖိုသူကြီးကတော် ဒေါ်လေးမြကလည်း အလှူတော်ငွေ တရာကျပ်တိတိပါခင်ဗျ၊ ဟုတ်ကဲ့... စကာင်္ပူ ရောက် သားကြီးရဲ့ ၂၁ နှစ်မြောက်မွေးနေ့ကိုရည်မှန်းကာ ကိုမြင့်ဇော်တို့ဇနီးမောင်နှံက ငါးရာကျပ်ပါခင်ဗျ၊ ခြောက်ဘာ သာဂုဏ်ထူးရှင် သမီးလေးအိကလည်း အလှူငွေနှစ်ရာကျပ် ထည့်လာပါသဗျ”

ဒါတွေက အသံအချို့ကို ကျွန်တော်ချရေးပြသလိုက်ခြင်း ဖြစ်ပါသည်။ သည်လိုအသံတွေကို ကျွန်တော့်မိတ်ဆွေ ကိုစိုးမြင့် က မကြိုက်ခြင်း ဖြစ်ပါသည်။ လှူတာက နည်းနည်း၊ ကြွားတာက များများလို့များ သူခံစားနေရလေသရော့လားမသိ။ ဒါ ကြောင့် သူက လောကကိုအရွဲ့တိုက်ကာ အလှူခံမဏ္ဍပ်ကို ရောက်သွားပါသည်။ သူ့ကိုယ်သူ မထင်ပေါ်လိုသူ လူတ ယောက်ဟု အများကသိရှိသွားစေရန်အလို့ငှာ စိတ်ကြိုက်ကြေညာခိုင်းရာ အလှူခံ အကျိုးဆောင်တို့ကလည်း ကြေညာပေး ရှာပါသည်။

“သာဓုပါခင်ဗျာ... အမည်မဖော်လိုသူ ကိုစိုးမြင့်ကလည်း အလှူတော်ငွေ တထောင်ကျပ်တဲ့ဗျ”

ကိုစိုးမြင့်ကား သူ့ကိုယ်သူ အမည်မဖော်လိုသူအဖြစ် လက်ခမောင်းခတ်ကာ ပီတိများ ဖိတ်လျှံ၍။ ကြားရသူအပေါင်းကလည်း ပြုံးစိစိ။ သြော်... အမည်မဖော်လိုသူ ကိုစိုးမြင့်တဲ့လေလား။

(နှစ်)
ဆဲဗင်းဒေးသတင်းဂျာနယ်၌ ကျွန်တော်စာရေးဖြစ်ခဲ့သည်မှာ အပုဒ်ရေတော်တော်ကလေး များလာခဲ့ပါပြီ။ သည်အထဲမှာာ ပရဟိတလုပ်ငန်းလေးတွေ အကြောင်းကိုလည်း ကျွန်တော် ထည့်သွင်းရေးသားခဲ့ပါသည်။ သည်မှာ ကျွန်တော်ကြည်နူးမိ တာက ကျွန်တော့်စာများ၏နောက်က ဂယက်ကလေးများပင် ဖြစ်ပါသည်။

ဆိုကြပါစို့၊ တွံတေးမြို့က ဓမ္မာလကာင်္ရ ဘုန်းတော်ကြီးကျောင်းသို့ ကျွန်တော် ရောက်သွားပြီး နောက် မိဘမဲ့ကလေးနှစ်ရာကျော် သုံးရာကို ပညာလည်းသင်ပေး၊ စားဝတ်နေရေးလည်း တာဝန်ယူနေရသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့်တကွ ပရဟိ တလူငယ်များအကြောင်းကို ရေးဖြစ်ခဲ့ရာ ထိုဆဲဗင်းဒေးဂျာနယ်ကို ဖတ်မိသူ အလှူရှင်တွေ ထိုဓမ္မာလကာင်္ ရကျောင်းသို့ ရောက်လာကြလေသတ့။ဲ

“ဒကာကြီးတဦးက ငါးသိန်း၊ နောက် တသိန်း နှစ်ယောက်၊ ငါးသောင်း တယောက်၊ သာဓုခေါ်ပါ... ဒကာကြီး” ဆရာတော် ဘုရားက ကျွန်တော့်ထံ ဤသို့ဖုန်းဆက်ပါသည်။ အလှူရှင်တွေအားလုံး ရန်ကုန်ကတဲ့။ ဘယ်သူတွေမှန်းလည်း မသိ။

နောက်တခါ ကလေး ၄၅၀ ကျော်ကို ပညာသင်ပေးနေသည့် ရွှေပြည်သာက မြိုင်သီလရှင် စာသင်တိုက်ကအပြန် ဆဲဗင်း ဒေးမှာပင် စာရေးဖြစ်ပါသည်။ ဤတွင် အမျိုးသမီးတယောက်က ဖုန်းဆက်လာပြန်ပါ၏။ သီလရှင်တိုက်၏ လိပ်စာ၊ ဖုန်းနံပါတ် ကျွန်တော်က ပေးပါရန်။

သို့ဖြင့် သုံးလေးရက်အစွန်းမှာပင် သီလရှင်စာသင်တိုက် ဆရာလေးထံမှ ဖုန်းဝင်လာပြန်သည်။ ကျွန်တော် အံ့သြရသော သတင်း။ “ငွေဆယ်သိန်း လာလှူသွားတယ် ဒကာကြီး... ဆဲဗင်းဒေးက ဒကာကြီးဆောင်းပါးဖတ်ရလို့တဲ့”

ကျွန်တော်က ကျွန်တော့်ဆီကနေ သီလရှင်တိုက်လိပ်စာ လှမ်းတောင်းသည့် အမျိုးသမီး၏ဖုန်းနံပါတ် ရှိနေသေးသော ကြောင့် လှမ်းဆက်ကာ အလှူရှင်အမည်ကို မေးမိပါသည်။ သူက မပြောပါ။ မသိချင်ပါနှင့်... တ။ဲ့ ထို့အပြင် အခြား ပရဟိ တဂေဟာကလေးတို့၏လိပ်စာကိုပင် တောင်းနေ၍ ကျွန်တော်က ပေးလိုက်ရပြန်ပါသည်။

နောက်ထပ်ရောက်လာပြန်သည်က အင်န်ဂျီအိုပရဟိတလူငယ်တစု။ ကျွန်တော့်ဆီက လိပ်စာလာတောင်းခြင်း။ ဒါကလည်း ဆဲဗင်းဒေးက ဆောင်းပါးကြောင့်တဲ့။ ကျွန်တော် ကြည်နူးရပါသည်။

(သုံး)
၇ ရက်သားသမီး စာဖတ်သူများအား ကျွန်တော် တခုပြောလိုပါသည်။

ကျွန်တော်က ကျွန်တော်လက်လှမ်းမီရာ၊ ကျွန်တော်အသိုင်းအဝိုင်းနှင့် နီးစပ်ရာ ပရဟိတ ဂေဟာကလေးများသို့ရောက်ကာ ထိုတွေ့ထိရာကလေးတို့ကိုသာ ရေးပြနေခဲ့ရခြင်း ဖြစ်ပါသည်။ တကယ့်တကယ် မေတ္တာနှင့်ကရုဏာကို ပေးပါဟု လက်ဖြန့် တောင်းဆိုနေသူတို့က နေရာအနှံ့အပြားမှာ ရှိပါသည်။ သည်နေရာလေးတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နှင့် ပါဝင် ပတ်သက် ဆောင်ရွက် ပါဝင်ဖြည့်ဆည်းလှူဒါန်းနေသူတို့ အမြောက်အမြား ရှိပါသည်။ ကျွန်တော့်မိတ်ဆွေကြီး အမည်မဖော်လိုသူ ကိုစိုးမြင့်လိုမဟုတ်ဘဲ တကယ့်ကို မိမိအမည်ကို ပဓာနမထား မှုန်ဝါးဝါးထားကာ ကောင်းမှုပြုနေသူ ၇ ရက်သားသမီးတို့ အများအပြား ရှိနေကြပါသည်။ သည်လို စိတ်နေမြတ်သူများကို ဦးညွတ်လျက်ရှိပါကြောင်းလည်း ကျွန်တော် ဖော်ပြ လိုပါ သည်။

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ကွန်ဖူးစတား ဂျက်လီ၏ စကားတခွန်းကိုပဲ ထပ်မံကိုးကားပါရစေ။ If everyone give one yuan every month, It will add up to billions တဲ့။ တလကို တယွမ်ပဲ လူတယောက်ဆီကပဲထည့်၊ သန်းထောင်ပေါင်းများစွာ ဖြစ်သွားမှာတဲ့။ ကျွန်တော်တို့ကရော။ တလ ငွေတထောင် သိပ်မခက်သူတွေ တော်တော်များများ ရှိပါသည်။ မေတ္တာချင်း ဆက်ပြီး ဝန်းရံလိုက်လျှင် လူတော်တော်များများကို ပညာသင်ပေးနိုင်၊ လူတော်တော်များများကို စားဝတ်နေရေး ဖြေရှင်းပေး နိုင်၊ လူတော်တော်များများကို မျက်ရည် သုတ်ပေးနိုင်မည်ဆိုတာက ဧကန်မုချ ဖြစ်ပါသည်။ ကျွန်တော်တို့တတွေ ဘာကြောင့် မဆက်စပ်မိကြသေးတာတဲ့လဲ။ ငွေတထောင်က မခက်၊ ဆက်စပ်မိဖို့က ခက်နေကြပုံ ရပါသည်။ ဘာပြဲဖစ်ဖြစ် အခုလော လောဆယ်မှာတော့ အမည်မဖော်လိုသော ဒါနရှင်တို့ကို ပရဟိတစခန်းကလေးများကိုယ်စား ကျွန်တော်က ကျေးဇူးတင် နေမိပါသည်။ လှပသော လိပ်ပြာပိုင်ရှင်များကို မကြာခဏသတိရနေမိပါကြောင်း ဆဲဗင်းဒေးစာမျက်နှာများမှတဆင့် နှုတ် ခွန်းဆက်ပါရစေလား။

မောင်သာချို
7 DAY NEWS JOURNAL
Vol.9, No.28 SEPTEMBER 30, 2010