ရောင်စုံပုသိမ်ထီးတံတား



ရောင်စုံပုသိမ်ထီးတံတား
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇


ဆူးလေမီးပွိုင့် လမ်းကူးတံတားမှာ ပုသိမ်ထီးရောင်စုံနဲ့ အလှဆင်ထားတာကြောင့် တံတားပေါ်တက်ပြီး အနီးကပ် ခံစားသူတွေနဲ့ စည်ကားနေပါတယ်။


 အဲဒီနေရာမှာပဲ တချို့ကတော့ ပုသိမ်ထီးတံတား လို့ နာမည် ချက်ချင်း ပေးလိုက်ကြတာ ကြားရပါတယ်။
ရန်ကုန်မြို့လယ်က ပုသိမ်ထီးတံတားဟာ တို့ရန်ကုန်၊ တို့အိမ်ရာ အနုပညာယဉ်ကျေးမှုပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။


ပွဲတော်ကို ဖေဖော်ဝါရီ ၂၅ က အစပြုပြီး နှစ်ပတ်ကြာ တွေ့ရမှာပါ။ ဆူးလေအနီး လမ်းမကြီးတွေမှာ ပိုစတာ၊ ဓာတ်ပုံတွေ ချိတ်ဆွဲပြသမယ်လို့ ပွဲတော်မတိုင်ခင် တစ်ရက်အလိုက ကြေးမုံသတင်းစာ သတင်းတပုဒ်မှာ ရေးပါတယ်။


ကင်မရာပါတဲ့လက်ကိုင်ဖုန်း အသုံးများလာချိန်ဖြစ်လို့ ဓာတ်ပုံ အမှတ်တရ ရိုက်ကူးလိုသူတွေကို ပုသိမ်ထီးတံတားက ဆွဲဆောင်နေပါတော့တယ်။ (ဓာတ်ပုံများ - ညွန့်ထွေး/မိုးမခ)