ဝါကျဖြူ ● လျှပ်စီးကြောင်း မိုးရေစက်များ


ဝါကျဖြူ ● လျှပ်စီးကြောင်း မိုးရေစက်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇

မိုးရေတွေ
ထိတ်လန့်ခြင်း
ဦးခေါင်းအရေပြား
ဆံနွယ်အမြစ်တွေထဲစိမ့်ဝင်
ကျိမ်းစပ်...ကျိန်စာတွေ ဖွဲ့ဆိုရာ ။

မိုးရေတွေ
မလုံခြုံမှုနဲ့ ငိုကြွေးစေဖို့
ဟောဒီ...လူသားတွေမျှော်လင့်ခြင်းဆိုက်ကပ်ရာ
အလယ်ဝင်ရိုးတန်းအဖြစ်
လည်တိုင်ရိုးတွေဆီက ဆင်း
သူတို့ဟာအညစ်အကြေးတွေတိုက်ချွတ်ဆေးကြောရာ
မိုးတိမ်လိပ်တို့ရဲ့
ညစ်နွမ်းမှုကိုယ်ကျင့်တရားတွေ ဆက်စပ်ပေါင်းဖော်ရာ
ရန်သူတော်တို့ရဲ့ဆေးသွင်းထာတဲ့ ဆက်သွားတွေ
ကောင်းကင်တစ်ပြင်လုံး
လျှပ်စီးပတ်လမ်းတွေနဲ့ပေါက်ကွဲမြည်ဟီး ။

မိုးရေစက်တွေဟာကျိန်းစပ်ဖွယ်နေ့ရက်များဆီ ။

ဝါကျဖြူ