ကျော်ဟုန်း - ရွှေရည်စိမ်ဆွဲကြိုးနဲ့ သွားခေါအလှ



ကျော်ဟုန်း - ရွှေရည်စိမ်ဆွဲကြိုးနဲ့ သွားခေါအလှ
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇


တိုင်းပြည်အတွက် အချစ်ကြီးခဲ့သူ
ဗိုလ်ချုပ်အောင်ဆန်းအတွက်
မြစ်ဖြတ်တံတားအမည်တပ်ခွင့်
ဆန္ဒပြခံရသတဲ့လား။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ 
ကလေးများနေ့ အတွက်
ကိတ်မုန့် မရှိဘူး
ဖဲပြား မရှိဘူး
မိုးပျံပူဖောင်း မရှိတော့ဘူးလား။

လင်မရနိုင်
ရည်းစားမရှိ မှိုင် ဟိုအပျိုကြီးက
ကိုယ့်ဖာသာဝယ်ထားတဲ့ ချောကလက်ဗူးနဲ့ 
လာယိုင်သူရှိသယောင် ဟန်ဆောင်ဖို့ 
ဗယ်လင်တိုင်းအတွက် ငွေကုန်ခံသတဲ့။

စုံတွဲဝတ် ဆင်တူအထည်တွေ
အငိုက်ခြောင်းစူပါမတ်ခ်မှာ ငွေသဲ့ဝင်နေပေါ့
ဖေဖော်ဝါရီ ၁၄ ကြောင့်တဲ့။

အရူးထ စိတ်မနှံ့ အခန်းလွတ် ပလပ်ကျွတ်တွေကြောင့်
ဖေဖော်ဝါရီ ၁၃ ဟာ
ဖေဖော်ဝါရီ ၁၄ ကို
အရှုံးပေးလိုက်ရမလိုဖြစ်ပြီ။

ယောယုဝငရဲဘုံမှာ
မြန်မာ အိုင်ဒေါ ကျင်းပ
စားစရာ မရှိပါစေ မဲပေးကြမယ်။

မယောင်ရာ ဆေးလူးဖို့ 
ရောဆရာကြီးတွေ
ယောင်ဆရာမကြီးတွေ
ပေါများတဲ့ ဗမာပြည်မှာ
ယမ်းငွေ့ ကြားမှာ ချိုးဖြူကင် ရောင်းဝယ်။

အချစ်ကို အနှစ်ကို
အစစ်နဲ့ အတု မသိသေးသမျှ
ရွှေရည်စိမ်ပစ္စည်းတွေ
ဈေးကောင်းရနေဦးမှာပေါ့လေ။ ။

 ကျော်ဟုန်း
၂၀၁၇၀၂၁၀