လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (10)

လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (10)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇

Vacation Respond-er
ဂျီမေး မှာ ထူးခြားတဲ့ တခု ဖြတ်ပြောရမယ် ဆိုရင် vacation responder ပါ။ သူကတော့ မိမိ အားလပ်ရက် ထွက်နေလို့ အီးမေး မပြန်နိုင်ဘူးဆိုရင် စာပို့လာသူတွေဆီကို အော်တိုမက်တစ် ဒီရက် ဒီရက်တွေ မိမိ မအားလို့ အကြောင်းပြန်နိုင်မှာ မဟုတ်ဘူးလို့ စာအလိုလို ပြန်ပေးတာပါ။

ဒါကို တချို့က auto responder လိုမျိုး သုံးကြပါတယ်။ အားလပ်ရက်ထွက်နေတာမဟုတ်ဘဲ မိမိဆီလာတဲ့ အီးမေးတိုင်းကို စာရတယ်၊ ကျေးဇူးတင်ပါတယ် ဆိုပြီး ပြန်တတ်တဲ့ အီးမေးတွေ ရဖူးကြမှာပေါ့။ သည်လိုမျိုးလည်း သုံးကြတာ ရှိပါတယ်။

ဘယ်လိုမျိုး တတ်ဆင်လို့ ရသလဲ။





ဂျီမေး ညာအပေါ်ထောင့်က စက်သွားရှိတဲ့ pull down ကနေ (setting) ကို နှိပ်ပါ။ General Tab က Signature ကွက်လပ်အောက်နားမှာ Vacatinon Responder အကွက် ရှိပါတယ်။ အထက်ပါအတိုင်း vacation responder on ကို နှိပ်ပြီးနောက်





လိုအပ်တဲ့ ရက်အတွင်း ဥပမာ ဒီဇင်ဘာ ၂၇ ကနေ ဇန်န၀ါရီ ၅ အထိ မအားတဲ့အကြောင်း subject နဲ့ Message တွေ ရိုက်ထည့်ပြီး Setting ကို ဟိုးအောက်ဆုံးအထိ ဆင်းသွားပြီ Save Changes လုပ်ထားပေါ့။ ကိစ္စပြီးသွားရင်တော့ vacation responder ကို off ပြန်လုပ်ဖို့ မမေ့ပါနဲ့။


Google Calendar and Events
Google Gmail components တွေ သိသွားပြီးပြီဆိုရင် Google ရဲ့ Application တခုဖြစ်တဲ့ (service လို့လည်း ပြောချင်ပြော) Calendar ကို သုံးတတ်အောင် ဆက်ပြီး သင်ကြားပေးရပါမယ်။

Contact မှာလည်း Group တွေ ရှိတယ်၊ Email မှာလည်း Label တွေ၊ Star တွေ၊ Important marker တွေ ရှိတယ်။ Tasks မှာလည်း Task List တွေ၊ Label ခွဲတာတွေ စသည့် စီမံခန့်ခွဲ စီစဉ်ထားရတာတွေ ရှိပါတယ်။ Calendar မှာလည်း ပြက္ခဒိန်အမျိုးမျိုး နဲ့ လေဘယ်အမျိုးမျိုး ခွဲခြားပြီး သိမ်းဆည်း စီမံလို့ ရပါတယ်။

Create Email as Event on the Calendar



အလွယ်ကူဆုံး စမ်းသတ်ချက်ကတော့ မိမိရရှိတဲ့ အီးမေးတခုကို More pull down ကနေ Create Event လုပ်ကြည့်တာ ဖြစ်ပါတယ်။

ဥပမာ - ဆရာကနေ မိမိကို အိမ်စာ နက်ဖြန် အပြီး ပို့ဖို့ သတိပေးတဲ့ စာကို Event အဖြစ် အသွင်ပြောင်းပြီး သူပြောထားတဲ့ ပြက္ခဒိန် ရက်စွဲမှာ Reminder / Event / Task ဘယ်လိုအမည်နဲ့ ဖြစ်ဖြစ် သွားပြီး ရေးထားလိုက်တာမျိုး ဖြစ်ပါတယ်။





အဲဒါဆိုရင် ဂူးဂဲ ပြက္ခဒိန်ထဲမှာ မိမိအိမ်စာ အပ်ရမယ့် ရက်ကို ရေးမှတ်ထားပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဂူးဂဲပြက္ခဒိန်ကို ဘယ်လို သွားကြည့်လို့ရသလဲဆိုတော့ အောက်ပါအတိုင်း နှိပ်လိုက်ပါ။





မိမိပြက္ခဒိန် ပေါ်လာပါလိမ့်မယ်။






ပြက္ခဒိန်မှာ မိမိအလုပ်တွေ ကိစ္စတွေ ရေးမှတ်ရတာကလည်း ဂျီမေးမှာ အီမေးရေးရတာနဲ့ အလားတူပဲ ဖြစ်ပါတယ်။ သူမှာ အလုပ်ပိုတာကတော့ အချိန်တွေ ရက်စွဲတွေ ပါလာတယ်။ ပြက္ခဒိန်မှာ မိသားစု၊ အလုပ်၊ ကျောင်း စတဲ့ ပြက္ခဒိန်အမျိုးမျိုး ရှိနေရင် ဘယ်ပြက္ခဒိန်မှာ မှတ်မလဲဆိုတာ ပါလာတယ်။ ပြီးတော့ မိမိတဦးတည်း အတွက်လား၊ သူများတွေကော သိစေချင်သလား၊ ရှယ်ချင်သလားဆိုတာလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။

သင်တန်းဆရာက အဲသည်အကြောင်းတွေကို ခွဲခြားပြီး ထောက်ပြ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ စတာကတော့ CALENDER ရဲ့ ဘယ်ဘက်အပေါ်ထောင့်က Create ဆိုတာကို နှိပ်ပြီး ကွက်လပ်တွေ ဖြည့်တာနဲ့ သင်လို့ရသလို၊ ပြက္ခဒိန်ပေါ်က မိမိ အလိုရှိရာ ရက်စွဲကို နှိပ်ပြီး တခါတည်း create လုပ်လို့ရတာကို စတင် ရှင်းပြရပါမယ်။










ပြီးတဲ့အခါ Edit Event ကို နှိပ်ပြီးတော့ အသေးစိတ်တွေကို ရှင်းပြရပါမယ်။







အချိန် ဘယ်ကနေ ဘယ်အထိ

တနေ့လုံးအဖြစ်လား၊ ခန ခန ထပ်ဖြစ်ဦးမှာလား။

ဘယ်နေရာ ဘယ်လိပ်စာလဲ။

ဘယ် ပြက္ခဒိန်မှာ သိမ်းထားမလဲ။

အသေးစိတ် ဘာတွေ မှတ်စုရေးထားမလဲ။

အီးမေး အတက်ခ်ျမင့် လုပ်သလို အတက်ခ်ျလုပ်ထားစရာတွေ ရှိသလား။

ဖြစ်ရပ် event color အရောင်တတ်မလား။

Notification ခေါ် Reminder သတိပေးတဲ့ အီးမေးပို့ပေးဖို့ လိုသလား။

စတာတွေ ရှင်းပြရပါမယ်။




အဲသည်မှာ ရှင်းပြစရာ နောက်တခုကတော့ မိမိအတွက် event တင်သာမက အခြားအီးမေးတွေကိုလည်း ရှယ်ပြီး add guest နဲ့ event invite တွေ လုပ်လို့ရတယ် ဆိုတာကို ရှင်းပြရပါမယ်။






မိမိအတွက် ပြက္ဒဒိန်အမျိုးမျိုး ဖန်တီးထားလို့ရတယ် ဆိုတာကို ပြသရပါမယ်။





ပြီးနောက် အလိုရှိသလို မိမိပြက္ခဒိန်ကို မိမိမိတ်ဆွေများနဲ့ ရှယ်လို့ ရတာကိုလည်း ပြသရပါမယ်။ အပေါ်မှာ ပြခဲ့တာက event invite (event share) လုပ်တာပါ။ အခု လုပ်ပြတာကို calendar share လုပ်တာပါ။ ဒါကိုလည်း ခွဲခြားပြီး ပြောရပါမယ်။





သူများတွေနဲ့ ကိုယ်နဲ့ ရှယ်ထားတဲ့ ပြက္ခဒိန်တွေဟာ “other calendar” ဆိုတဲ့ဆီမှာ list အဖြစ် ပေါ်နေတာကိုလည်း ထောက်ပြ ရှင်းပြ ရပါမယ်။


ဥပမာ - လွယ်ကူတဲ့ သူများပြက္ခဒိန် ရှယ်နည်းကတော့ နိုင်ငံတွေရဲ့ holiday calendar တွေကို မိမိ၏ other calendar မှာ ပေါ်နေအောင် add လုပ်ခြင်း ဖြစ်ပါတယ်။






ဒါဆိုရင် google calendar basic ကို အသုံးပြုနည်းကို သင်တန်းသားတွေ သိရှိသွားပြီ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)